Sweetest time

Friday, 31 January 2014

အမျိုးသားများအတွက် ဆေးတလက်


အမျိုးသားများနှင့် အသုံးတည့်လှသည့် ဆေးတလက်ကို တင်ပြအပ်ပါသည်။
လိုအင်ဆန္ဒမပြည့်၊ စိတ်သွားတိုင်း ကိုယ်မပါနိုင် ဖြစ်ရခြင်း၊ မြန်ခြင်း၊ လွှတ်ထွက်ခြင်း၊ ညှိုးလွယ်ခြင်းများကို အထူးအထောက်အကူပြု အစွမ်းထက်လှသော မြန်မာ့ရိုးရာ ဆေးနည်းတလက်ဖြစ်ပြီး အိမ်ထောင်ရေးသုခကို
ပြည့်ပြည့်ဝဝ စိတ်ချမ်းသာစွာ ရရှိစေနိုင်သော ဆေးနည်းတလက် ဖြစ်ပါသည်။


ထို့ပြင် ဤဆေးနည်းသည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မရှိပါ။ ဆေးနည်းမှာလည်း လွယ်ကူလှပါသည်။
အရွက်ကို သုပ်စားရသော မြန်မာကုက္ကိုပင်အခေါက်ကို မှုန့်ညက်အောင် ထောင်းထားပါ။ ၄င်းကုက္ကိုခေါက်အမှုန့် ၂-ပဲသားကို ထောပတ် ၄-ပဲသား (ကုက္ကိုခေါက်မှုန့် တဆ၊ ထောပတ် နှစ်ဆ အချိုး ဖြစ်ပါသည်) ရောနှယ်ပြီး တနေ့တခါ စားပေးပါ။ သွေးသားစင်ကြယ်ပြီး အသားအရေပါ လှပကြည်လင်လာပါလိမ့်မည်။


စေတနာမေတ္တာဖြင့် ရွှေချိုင်ဇေယျ (ဆားလင်းကြီး)
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)

No comments:

Post a Comment