Sweetest time

Monday, 18 August 2014

သခွားသီးအစွမ်း အံ့မခန်း

10419941_1387323421516349_843335622072897495_n
(၁) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ သခွားသီးဟာ ခန္ဓာကိုယ် အတွက် လိုအပ်သော ရေဓာတ် ၉၆ ရခိုင်နှုန်းကို ဖြည့်စွမ်း ပေးရုံသာမက အဆိပ်များကို ဖယ်ရှားပေးနိုင် တယ်လို့ ဆိုပါတယ်။
(၂) သခွားသီးဟာ ဗီတာမင် A, C ဖြည့်စွမ်းပေးရုံ သာမက ခန္ဓာကိုယ်တွင်း အပူဓာတ် များကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။ ထို့ပြင် အသားအရေ များကိုလည်း စိုပြည်စေ ရုံသာမက အားအင်များလည်း ရရှိ စေနိုင်ပါတယ်။
(၃) သခွားသီး စားခြင်းကြောင့် ကိုယ်ခန္ဓာ
အတွင်းမှ ရောဂါများ ဖြစ်ပွားမှုကိုလည်း သက်သာ စေနိုင်ပါတယ်။
(၄) သခွားသီးဟာ မှုးဝေခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အိပ်ယာမဝင်မီ သကြားဖြင့် စားပေးပါက သက်သာပျောက်ကင်း စေနိုင်ပါတယ်။
(၅) သခွားသီးသည် ခန္ဓာကိုယ်တွင်း ကုန်ခန်းသွားသော အားအင်းများကို ပြန်လည် ဖြည့်ဆည်း ပေးတဲ့အပြင် ကြွက်သားများ အတွက်လည်း အထူးပင် ကောင်းမွန်တယ်လို့ ဆိုပါတယ်။
(၆) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ မလိုအပ်သော အဆီများကို ကျဆင်းစေနိုင်ပါတယ်။

ခြေထောက် ကိုက်ခဲခြင်း (Foot aches) အတွက် အလွယ်ကုသနည်းများ

1958515_252498134929193_589780115_nခြေထောက် (foot) တစ်ချောင်းမှာ အရိုးပေါင်း ၂၆ ခု၊ အဆစ်ပေါင်း ၃၃ ဆစ်၊ အရွတ်ပေါင်း ၂၀၇၊ ကြွက်သားပေါင်း ၁၉ ခုနဲ့ ခြေထောက် တစ်ခုဖြစ်ဖို့ တစ်ခုနဲ့တစ်ခု ဆက်သွယ်တဲ့ အကြောမျှင်ပေါင်း များစွာ ပါရှိပါတယ်။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၈၀၀၀ မှ ၁၀၀၀၀ ကြား ခြေလှမ်းလေ့ ရှိတာကြောင့် ခြေဖဝါးပေါ်မှာ ကျရောက်တဲ့ ဖိအားဟာ သူ့ခန္ဓာကိုယ်ရဲ့ အလေးချိန်ထက် ပိုပြီး များလေ့ ရှိတတ်ပါတယ်။ ဒါ့အပြင် မိမိနဲ့ အံဝင်ခွင်ကျမှု မရှိတဲ့ ဖိနပ်တွေ ဝတ်ဆင်တာကြောင့် ခြေထောက် နာကျင်တတ်ပါတယ်။ ခြေထောက် နာကျင်တာ သက်သာတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
ခြေထောက်ကို မြှင့်တင်ထားပါ
သင်အိမ်ရောက်တာနဲ့ ထိုင်ပြီး ခြေထောက်ကို မြှောက်ထားပါ။ သွေးလှည့်ပတ်မှု ကောင်းအောင် ခြေချောင်း လေ့ကျင့်ခန်း လုပ်ပါ။ ခန္ဓာကိုယ်ရဲ့ ၄၅ ဒီဂရီလောက် ရောက်အောင် ခြေထောက် မြှောက်ထားပြီး မိနစ် ၂၀ ခန့် ဖြေလျော့ထားပါ။ (ခွေးခြေခုံပေါ် ခြေထောက် တင်ထားပါ)
ဆားရည်စိမ်ပါ
ခြေထောက်တွေ ညောင်းနေရင် အကောင်းဆုံး နည်းလမ်းဟာ ဆား ထမင်းစားဇွန်း တစ်ဇွန်း ဒါမှမဟုတ် နှစ်ဇွန်းစာကို ရေနွေးဇလုံ တစ်ခုထဲ ထည့်ပြီး သင့်ခြေထောက်ကို ခဏ စိမ်ထားပါ။ ပြီးရင် ရေအေးနဲ့ ပြန်ဆေးပြီး ခြေထောက်ကို အခြောက်ခံကာ Moisturiser ခရင်မ်လိမ်းပြီး နှိပ်ပေးပါ။
အပူတစ်လှည့် အအေးတစ်လှည့် အသုံးပြုပါ
ရေချိုးဇလုံပေါ် ထိုင်ပြီး သင့်ခြေထောက်ကို ဘုံပိုင်ရေအောက်မှာ မိနစ်အနည်းငယ် ထားပါ။ ရေနွေး တစ်မိနစ်၊ ရေအေး တစ်မိနစ်ကို တစ်လှည့်စီ ဖွင့်ပြီး နောက်ဆုံး ရေအေးနဲ့ အဆုံးသတ်ပါ။ အပူအအေး မညီမျှတဲ့ ရေကြောင့် ခန္ဓာကိုယ် စနစ်အားလုံး လန်းဆန်းစေနိုင်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးလှည့်ပတ်မှု ပြဿနာ ရှိနေရင် သင့်ခြေထောက်ကို အပူချိန် လွန်လွန်ကဲကဲနဲ့ မထိတွေ့စေပါနဲ့။
အနှိပ်ခံပါ
ခြေထောက်ကို နို့စို့ကလေးငယ်တွေ လိမ်းတဲ့ အဆီ (Baby Oil) ကို အသုံးပြုပြီး အနှိပ်ခံပါ။ ခြေဖဝါး တစ်ခုလုံးကို နှိပ်ပါ။ ခြေချောင်းတွေကို အသာအယာ ဖျစ်ညှစ်ပြီး ခြေဖဝါးပေါ်မှာ စက်ဝန်းပုံသဏ္ဌာန် ဖိပြီး နှိပ်ပေးပါ။ ခြေဖဝါး arch နေရာကို သင့်လက်မနဲ့ မာနိုင်သမျှ မာမာ ဖိဆွဲနိုင်ရင် အကောင်းဆုံးပါ။
ရေခဲကပ်ပါ
ရေခဲတုံးကို အဝတ်စနဲ့ပတ်ပြီး မိနစ်အနည်းငယ်ကြာမျှ သင့်ခြေဖဝါးနဲ့ ခြေချင်းဝတ်ကို ပွတ်ပေးပါ။ ရေခဲကြောင့် ရောင်ရမ်းမှု လျော့စေပြီး ထုံသွားတာကြောင့် နာကျင်တာ သက်သာသွားနိုင်ပါတယ်။ ပြီးရင် ခြေထောက်ကို ခြောက်အောင်သုတ်ပြီး အရက်ပြန် ဒါမှမဟုတ် ရှလကာရည်နဲ့ ပွတ်ပေးပါ။
လေ့ကျင့်ခန်း လုပ်ပါ
ခြေဖဝါးနဲ့ ခြေထောက်လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး အကိုက်အခဲ သက်သာသွားနိုင်ပါတယ်။ နေ့ခင်းပိုင်းမှာ ခြေထောက်တွေ တောင့်တင်းပြီး ကြွက်တက်တတ်ရင် သင့်လက်တွေကို တုန်ခါလှုပ်သလိုမျိုး ခြေထောက်ကို လှုပ်ပေးပါ။ တစ်ကြိမ်ကို ခြေထောက်တစ်ဘက်ပဲ လှုပ်ပြီး ခြေချောင်းတွေကို အပေါ်အောက် ကွေးဆန့်ပါ။ သင်ဟာ အချိန်အကြာကြီး မတ်တတ်ရပ် နေရရင် အဲဒီနေရာ ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှ လမ်းလျှောက်နေပါ။
ခြေထောက်တစ်ဖက်ကို ခွေးခြေပေါ်တင်ပြီး အနားပေးတာ ဒါမှမဟုတ် မကြာခဏ ခြေလှမ်းလှမ်းတာတွေ လုပ်ပါ။ ခြေထောက်တောင့်တာ သက်သာအောင် ဖိနပ်ချွတ်ပြီး ထိုင်ခုံပေါ် ထိုင်ကာ ခြေထောက်ကို ဆန့်တန်းထားပါ။ ခြေချင်းဝတ်မှ ခြေထောက်ကို Direction တစ်ဘက်သို့ ၁၀ ကြိမ်လှည့်ပြီးနောက် Direction တစ်ဖက်ကို ၁၀ ကြိမ်စီ လှည့်ပေးပါ။ ခြေချောင်းတွေကို အောက်ဘက် စိုက်နိုင်သလောက် စိုက်ပြီးနောက် အပေါ်ဘက်ကို လှန်နိုင်သလောက် လှန်ပါ။ ၁၀ ကြိမ် ထပ်မံပြုလုပ်ပြီး ခြေချောင်းတွေ အားလုံးကို ဆုပ်ကိုင်ပြီး အရှေ့နောက် ဆွဲပါ။ ခြေဖဝါးကို နှိပ်နိုင်အောင် ဖိနပ်ချွတ်ပြီး တင်းနစ်ဘောလုံး ဒါမှမဟုတ် ဂေါက်သီး ဘောလုံးပေါ် ခြေဖဝါးလှိမ့်ပေးပါ။
ခြေဖဝါးသက်သာအောင်
အောက်ခံ Sole ပြားထူတဲ့ ဖိနပ်စီးပါ။ Sole ပြားပါးတဲ့ ဒေါက်မြင့်ဖိနပ်တွေ မစီးပါနဲ့။
ဒေါက်မြင့်ဖိနပ် ပြောင်းလဲစီးပါ
ဒေါက်မြင့်ဖိနပ်ကြောင့် ခြေသလုံး ကြွက်သားတွေ တောင့်တင်းပြီး ခြေထောက် ညောင်းညာတတ်ပါတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ ဒေါက်နိမ့် ဖိနပ်ကို တစ်လှည့်စီ စီးပါ။
ဖိနပ်ဝယ်ရင် ညနေပိုင်းမှာ ဝယ်ပါ
ခြေဖဝါးဟာ နေ့ခင်းပိုင်းမှာ ကျယ်ပြန့်လာတတ်တဲ့ အတွက် ညနေပိုင်း ခြေထောက် သွေးကျတာ အတွက်ပါ နေရာ ပေးနိုင်တဲ့ ဖိနပ်ဝယ်ပါ။ မတ်တတ်ရပ်စဉ်မှာသာ ဖိနပ်ကို တိုင်းပြီး ဖိနပ်မဝယ်ခင် နှစ်ဖက်စလုံး စီးကြည့်ပါ။ ခြေထောက်တစ်ဖက်က တခြား တစ်ဖက်ထက် ကြီးနေရင် ကြီးတဲ့ ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်ကို ဝယ်ပါ။
ဆရာဝန်နဲ့ ဘယ်အချိန် ပြရမလဲ
- သင့်ခြေထောက်ဟာ တစ်နေ့လုံး နာကျင်နေရင်
- ရှူးဖိနပ်စီးလို့ မရနိုင်အောင် နာကျင်နေရင်
- မနက်ပိုင်းမှာ လမ်းလျှောက်လို့ မရအောင် နာကျင်နေရင် ခြေထောက်မှာ ပူစပ်ပူလောင်ဖြစ်ပြီး နာကျင်တာဟာ သွေးလှည့်ပတ်မှု နည်းတာ၊ ဆီးချိုရောဂါ သွေးအားနည်းတာ၊ သိုင်းရွိုက်ရောဂါ၊ အရက်မူးလွန်တာ ဒါမှမဟုတ် တခြား ကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြပါ။

သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ


10172609_240650662788500_1827746417_n
ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာသူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်း လတ်ဆတ်သောဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်း သက်သာစေပါတယ်။အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့် ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက် ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင် သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင် အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။ဝမ်းမီးအပူအပုပ်အချွဲများကို ဖယ်ရှားခြင်း၊ ၀မ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူရောင်ရောဂါ များကို ကုသပျောက်ကင်းနိုင်ပါတယ်။အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့ ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ် အသုံးပြုနိုင်ပါတယ်။သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ၀မ်းဗိုက်အားလိမ်းပေးပါက ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာ ဖြစ်တတ်သော အရေပြားယားယံခြင်းများကို အထူးပျောက်ကင်းစေပါတယ်။ဒေါက်တာအောင်နိုင်

Thursday, 29 May 2014

ကန်ဇွန်းဥ နှင့် ကင်ဆာရောဂါ

1016090_188720331289733_137383646_n
အစာလဲဆေး ဆေးလဲအစာ
ကန်ဇွန်းဥဟာ အာဟာရပေါကြွယ်ဝတယ်။ ဗီတာမင် စီ နှင့် အေ ပိုများတယ်။
အမြဲတမ်းစားပေးရင် ခန္ဓာကိုယ်ကို ကျန်းမာစေပြီး အသက်ရှည်စေတယ် ။
ကန်ဇွန်းဥမှာ ဖိုင်ဘာအမျှင်များပြားစွာ ပါဝင်လို့ အစာအိမ်နှင့် အူအတွင်း
ရွေ့ လျားမှုကို မြှင့်တင်ပေးတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်။
လိပ်ခေါင်းရောဂါ နှင့် စအိုကွဲနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
အူမကြီးကင်ဆာ နဲ့ စအိုပြွန်ကင်ဆာရောဂါတို့ကို ကာကွယ်ပေးရာမှာ အကျိုးပြုတယ်။
အနောက်နိုင်ငံ သုတေသနပြုချက်အရ ဟော်မုန်းအတုလို့ခေါ်နိုင်တဲ့ ဓာတ်တွေပါဝင်လို့ ရင်သားကင်ဆာ နဲ့ အူမကြီးကင်ဆာတို့ကို ထိန်းချုပ်နိုင်တယ်ဆိုပါတယ်။ထို့ပြင် ဝတဲ့လူတွေ အဆီချဖို့ ကန်ဇွန်းဥကိုစားသုံးနိုင်ပါတယ်။အရိုးအဆစ်များ ၊ သွေးကြောများဝန်းကျင်မှာ ဒုက္ခပေးတဲ့ ရောဂါကိုလည်း ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ် ။
ကန်ဇွန်းဥကို ပူနွေးစဉ် စားသုံးသင့်ပါတယ် ။စားတဲ့နေရာမှာလဲ ဆီနဲ့တို့စားသင့်ပါတယ် ။ကန်ဇွန်းဥမှာပါတဲ့ ဓာတ်အချို့ ဟာ ဆီမှာ ပျော်လွယ်ပြီး အစာအိမ်က စုပ်ယူမှု အားကောင်းစေလို့ဖြစ်ပါတယ် ။
အစာအိမ်အချဉ်ပေါက်သူတွေကတော့ ကန်ဇွန်းဥက အစာအိမ်ထဲမှာ အက်စစ်လို ဖြစ်ပေါ်စေလို့ ရှောင်ကြဉ်သင့်ပါတယ် ။ကန်ဇွန်းဥအခွံမှာ အမည်းစက် ပွင့်နေရင် ၊ အညှောင့်ပေါက်နေရင် မစားသင့်ပါ ။
အဆိပ်တက်ပါသည် ။
ကျန်းမာရေးအတွက် အသုံးဝင် ဆေးမြီးတိုများ

ထောပတ်သီးမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ

1474480_551751471583057_884125240_n
(၁) ဦးနှောက်ကို ကျန်းမာစေပါတယ်။
(၂) နှလုံးကို ကျန်းမာစေ ပါတယ်။
(၃) ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။
(၄) သွေးတိုးရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။
(၅) သွေးတွင်း သကြားဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။
(၆) ဗိုက်အောင့်ခြင်း အတွက်လည်း ကောင်းမွန်စေပါတယ်။
(၇) မျက်စိကိုလည်း ကြည်လင်စေပါတယ်။
(၈) ဖောလစ်အက်စစ်ဓာတ်ကိုလည်း ကြွယ်ဝစေပါတယ်။
(၉) အိုမင်း ရင့်ရော်ခြင်း အတွက်လည်း ကောင်းမွန်ပါတယ်။
(၁၀) အကိုက်အခဲများကိုလည်း သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်


10401391_276169132555109_160079253932232370_n
၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)
၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)
၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးပြုပုံ


10155427_288208361348270_947023528657536420_n

(၁) အဆိပ်ပြေစေပါတယ်
(၂) ဝမ်းမှန်မှန် သွားစေပါတယ်

(၃) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်

(၄) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
(၅) သွေးဖိအားကို ထိန်းပေးပါတယ်
(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်
(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်
တစ်ခြား အကျိုးကျေးဇူး
အမျိုးသမီးများ လစဉ်ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
အနာတွေကို သက်သာစေပါတယ်။ နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ


999
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿသနာတွေဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု
—-
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။
ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း
——-
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။

သန့်ရှင်းလှပတဲ့ ခြေထောက်တစ်စုံပိုင်ဆိုင်စေဖို့


1471857_1394314264149890_1729476876_n
ခြေထောက်ဆေးပါ ရေနွေးနွေးလေးနဲ့ ခြေထောက်ကို စိမ်ထားပြီး ဆေးကြောပေးတာဟာ သက်သောင့်သက်သာရှိသလို ပင်ပန်းမှုတွေလည်း ပြေစေကာ ၊ ရေလောင်းပြီး ခြေထောက်ဆေးတာထက်ခြေထောက်ကို ပိုပြီးသန့်စင်စေနိုင်ပါတယ်။ အလုပ်က ပြန်လာပြီး ညစာစားပြီးလို့ တီဗီကြည့်ရင်း အပန်းဖြေနေချိန်မှာ ခြေထောက်စိမ်ထားပေးလို့ ရပါတယ်။ မနက်တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်တော့ခြေထောက်ကို ပုံမှန်သန့်စင်ပေးပါ။
ကြေးချွတ်သန့်စင်ပါ
ဈေးကွက်ထဲမှာ အရေပြားကြေးချွတ် သန့်စင်တဲ့ ပစ္စည်းတွေ စုံလို့ပါပဲ။ သင့်အသားအရေ၊ အရေပြားနဲ့ သင့်တော်တဲ့ ပစ္စည်းတစ်မျိုးကိုသုံးပြီး ပုံမှန်ခြေဖနောင့်၊ ခြေချောင်းတွေနဲ့ ခြေသလုံးနေရာတွေအထိ ကြေးချွတ်ပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အရေပြားကိုလည်း ချောမွေ့နေစေပါတယ်။တစ်မိနစ်လောက် ဘရပ်ရှ်နဲ့ခပ်ဖွဖွ ပွတ်တိုက် ကြေးချွတ်ပေးခြင်းဟာလည်း ခြေထောက် အနံ့ထွက်တာနဲ့ ခြေထောက်ကြားမှာ ဖြစ်တတ်တဲ့ အရေပြားရောဂါတချို့ကို သက်သာစေနိုင်ပါတယ်။

ရေဓာတ်ဖြည့်ပါ ရေဓာတ် (Moisturize) ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို သင့်လက်ဖဝါးနဲ့ ခြေဖဝါးတွေကို ပုံမှန်လိမ်းပေးပါ။ ဒါဟာ ခြေထောက် ခြောက်သွေ့ အက်ကွဲတာနဲ့ အရေပြား ပွန်းပဲ့မှုတွေကို သက်သာစေပါတယ်။

ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း

4ာ
ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာဆေးမြီးတိုဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။
လိုအပ်သော ပစ္စည်းများမှာ-
၁။ (၁)နှစ်ကျော် ပျားရည်အဟောင်း (သဘာဝပျားရည်စစ်စစ်)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ
၁။ ရေနွေးခွက်ထဲကို သံပရာသီး တစ်ခြမ်းထည့်လိုက်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည်တစ်ဇွန်းခန့်ထည့်ပါ။
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။
နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားပါလိမ့်မည်။
သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀စေစေနိုင်ပါသည်။

Tuesday, 27 May 2014

အသားအရေ ခြောက်သွေ့သူများအတွက် ဗီတာမင်များ

ဗီတာမင်အမျိုးမျိုးနဲ့ ကောင်းမွန်လတ်ဆတ်တဲ့ အာဟာရဓာတ်များကို သင့်တင့်မျှတစွာ ဂရုတစိုက်စားသုံးပေးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့အပြင် အသားအရေကိုလည်း ကောင်းကျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ခြောက်သွေ့သူများအတွက် စားသုံးပေးသင့်တဲ့ ဗီတာမင် အမျိုးအစားများနှင့် ၄င်းတို့ရဲ့ ရင်းမြစ်အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင် A---
ဗီတာမင် A ကတော့ အသားအရေအတွက် အဓိကအရေးကြီးတဲ့ ဓာတ်တမျိုးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဗီတာမင်ဓာတ်အားလုံး ညီညွတ်မျှတမှသာ စိုပြည်ကျန်းမာတဲ့ အသားအရေကို ရနိုင်မှာဖြစ်ပါတယ်။ ဗီတာမင် A ဟာ အရေပြားဆဲလ်များ ကြီးထွားမှုနဲ့ ပြန်လည်ပြုပြင်မှုများကို အထောက်အပံ့ပေးတဲ့အပြင် အရိုးဖွံ့ထွားမှု၊ အမြင်အာရုံ ကြည်လင်စေမှုနဲ့ ကိုယ်ခံအားစနစ် လည်ပတ်မှုတို့အတွက်လည်း အရေးပါလှပါတယ်။
ဗီတာမင် A ချို့တဲ့ခြင်းအားဖြင့် အသားအရေခြောက်သွေ့ခြင်း၊ ဆံပင်အသားခြောက်သွေ့ခြင်း၊ မျက်သားခြောက်သွေ့ခြင်းနဲ့ လည်သည်းကျိုးခြင်းတို့လို ဆိုးကျိုးများကို ဖြစ်ပွားစေပါတယ်။

ဒါကြောင့် ဗီတာမင် A မချို့တဲ့ရလေအောင် အောက်ဖော်ပြပါ အစားအစာများကို လုံလုံလောက်လောက် စားပေးသင့်ပါတယ်။
မုန်လာဥနီ၊ ကြက်ဥအနှစ်၊ ပဲအမျိုးမျိုး၊ ဆီးသီးခြောက်၊ ဂေါ်ဖီထုပ်၊ ဟင်းနုနယ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ဖရဲသီးနဲ့ လိမ္မော်သီးတို့ဟာ ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာများဖြစ်ပါတယ်။ ဒီအစားအစာများမှာသာမကဘဲ ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့ ဆန်၊ ဂျုံ၊ ပြောင်း စတဲ့ ကောက်ပဲသီးနှံများနဲ့ လတ်ဆတ်တဲ့ သီးနှံဖျော်ရည်များကလည်း ဗီတာမင်နဲ့ သတ္ထုဓာတ်များကို ပြည့်ဝစွာ ပေးစွမ်းနိုင်တဲ့ ရင်းမြစ်များပဲ ဖြစ်ကြပါတယ်။

တခြားသော ဗီတာမင် ဓာတ်များ---
ဗီတာမင် A အပြင် တခြားတခြားသော ဗီတာမင်ဓာတ်များဟာလည်း အသားအရေခြောက်သွေ့မှုကို ကာကွယ်တားဆီးပေးနိုင်ပါသေးတယ်။ ပိုတက်ဆီယမ်ဓာတ်ကိုတော့ အာလူး၊ ဖရဲသီး၊ ဘူးသီး၊ ဖရုံသီး၊ ငှက်ပျောသီးနဲ့ ခရမ်းချဉ်သီးတို့မှ ကြွယ်ဝစွာရရှိနိုင်ပါတယ်။
ဆိုဒီယမ်ဓာတ်ကို ရေငန်ငါး၊ တူနာငါး၊ သံလွင်ဆီနဲ့ အချဉ်စိမ်ထားတဲ့ အသီးအရွက်တို့မှ ရနိုင်ပါတယ်။

နောက်ထပ်အသားအရေအကျိုးပြု ဗီတာမင်တမျိုးကတော့ ဗီတာမင် D ဖြစ်ပါတယ်။ နံနက်ခင်း နေခြည်နွေးနွေးကို ခံယူခြင်းအားဖြင့် အသားအရေရဲ့ ဗီတာမင် D စူပ်ယူမှုကို မြင့်တက်စေနိုင်သလို နွားနို့၊ ဆန်၊ ဂျုံ၊ ပြောင်းများကိုလည်း စားသုံးပေးရပါမယ်။
နောက်ထပ် လူသိများတဲ့ ဗီတာမင်တမျိုးက ဗီတာမင် E ပဲ ဖြစ်ပါတယ်။ ဗီတာမင် E ရဲ့ အသားအရေ အကျိုးပြုဂုဏ်သတ္တိတွေကတော့ အများကြီးပါပဲ။ ဗီတာမင် E ကို မုန်လာဥနီ၊ မြင်းစားဂျုံ၊ ကညွတ်၊ နေကြာဆီ၊ ပြောင်း၊ ဂျုံ စပါး စတာတွေမှာ ကြွယ်ဝစွာ တွေ့ရှိနိုင်ပါတယ်။
ဗီတာမင် B ကိုတော့ Wholegrains နဲ့ အသည်းတို့မှ ရရှိနိုင်ပါတယ်။

ဗီတာမင်နဲ့ အာဟာရဓာတ်များကို သမမျှတစွာ စားသုံးပေးခြင်းဟာ သန့်စင်ပြီး စိုပြည်ကျန်းမာတဲ့အသား အရေကို ရရှိစေဖို့ အများကြီးအထောက်အကူ ပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ ရည်ရွယ်ပြီး ဗီတာမင်ကြွယ်ဝတဲ့ အစားအစာများကို သင့်ရဲ့ဟင်းပွဲတိုင်းမှာ ပါဝင်နေစေဖို့ စီမံပါ။ ရေကို တတ်နိုင်သမျှ များများသောက်ဖို့ မမေ့ပါနဲ့။ ဒါတင်မကဘဲ ပြင်ပကာကွယ်မှု အနေနဲ့ ဗီတာမင် E၊ A နဲ့ ရှားစောင်းလက်ပတ်ပါဝင်တဲ့ Moisturizer နဲ့ Lotion တွေကို ထပ်မံသုံးစွဲပေးမယ်ဆိုရင် သိသိသာသာ ထူးခြားကောင်းမွန်လာတဲ့ အသားအရေကို အံ့သြဖွယ် တွေ့ရှိရမှာပါ။

(Image 2010-November)

Monday, 26 May 2014

စိတ်ကူးပျော်ရာ: ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်?

စိတ်ကူးပျော်ရာ: ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်?: ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ? ========================== =========== (ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရို...

စိတ်ကူးပျော်ရာ: လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက...

စိတ်ကူးပျော်ရာ: လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက...: လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့...

စိတ်ကူးပျော်ရာ: မှိုစားမည်ဆိုလျှင် အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်

စိတ်ကူးပျော်ရာ: မှိုစားမည်ဆိုလျှင် အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်: မိုးရာသီသို့ ရောက်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် အမျိုးမျိုးသောမှိုတို့ ဖူးပွင့်လာကြသည်။ သဘာဝ အလေ့ကျ ပေါက်သောမှို...

စိတ်ကူးပျော်ရာ: ဘေးအန္တရာယ်ကိုဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေးမျာ...

စိတ်ကူးပျော်ရာ: ဘေးအန္တရာယ်ကိုဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေးမျာ...: ✿ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက် ၏အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ bacon ၊ အစားအစာများက...

စိတ်ကူးပျော်ရာ: ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာမျာ...

စိတ်ကူးပျော်ရာ: ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာမျာ...: (၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။ (၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေ ပြီး၊ ဦးနှောက်တုန့် ပြန်မှုနှုန...

စိတ်ကူးပျော်ရာ: အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း လေပွခြင်း

စိတ်ကူးပျော်ရာ: အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း လေပွခြင်း:                  အစာအိမ်နှင့် အူလမ်းကြောင်းက အစားအစာချေဖျက်သည့်အခါ ဂက်စ်များထွက်လာသည်။ ထိုဂက်စ်များကြောင့် ဗိုက်ပွစေပြီး ပြင်ပသို့ စွန့်ထ...

စိတ်ကူးပျော်ရာ: မြန်မာ့ဆေးဖက်ဝင် ကန်စွန်းရိုးနီပင်

စိတ်ကူးပျော်ရာ: မြန်မာ့ဆေးဖက်ဝင် ကန်စွန်းရိုးနီပင်:   မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ရေမြောင်း ရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျ ပေါက်ရောက်၏ ။ စိုက်ပျိုးပင် အဖြစ်လည်း စ...

စိတ်ကူးပျော်ရာ: ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ

စိတ်ကူးပျော်ရာ: ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ:           လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ တုပေါ်မူတည်၍ ၄င်းပမာဏထက် အပူချိန် အတက်/ အကျ အနည်းငယ...