★ အိပ်ရာမဝင်ခင် ရေသောက်ပါ ။
သွေးထဲမှာ ၇၀% က ရေဖြစ်တာမို့ ခန္ဓာကိုယ်က ရေလိုအပ်တဲ့အခါသွေး များက အနှစ်ဖြစ်သွားခြင်း၊ စေးကပ်သွားတာမို့သွေးစီးဆင်းခြင်းကိုထိခိုက်စေခြင်း၊ သွေးပေါင်တိုးခြင်း၊ သွေးကြောကျဉ်းစေတယ် ။အိပ်နေတဲ့အခါ ကိုယ်ခန္ဓာကသဘာဝအလျှောက်အသက်ရှူတတ်ခြင်း၊ချွေးထွက်ခြင်း အစရှိသောရေတို့
ကိုထုတ်လွှတ်ပါတယ်
။ Harvard University လေ့လာချက်အရ မနက် ၆~၉နာရီ မှာ
နှလုံးကြွက်သားပုပ်ခြင်း (MI ) ၊ လေဖြတ်တတ်ခြင်း (embolic
stroke)ဖြစ်တတ်ပါတယ် ။
တချို့သူတွေကတရေးနိုးအပေါ့သွားရတာ အိပ်ရေးပျက်မှာစိုးရိမ်ခြင်း၊ အသက်ကြီးသူများ လိမ့်ကျမှာကိုစိုးရိမ်ခြင်း၊အကြောင်းကြောင်းကြောင့်
(ကျောက်ကပ်ကျောက်တည်သူမှလွဲလို့)အိပ်ရာမဝင်ခင်တစ်နာရီ~နှစ်နာရီ အလိုမှာရေသောက်ပါ ။ အိပ်ရာထထချင်း ချက်ချင်းရေသောက်ပါက
သွေးကြောပိတ်ခြင်းကိုကာကွယ်ပေးပါတယ် ။
ရေပူစမ်းတွင်ရေပူမစိမ်မှီ ရေအရင်သောက်ထားတာကအကောင်းဆုံးပါ ၊
ရေပူစိမ်ခြင်းကချွေးအများဆုံးထွက်ပြီး ၊ အပုချိန်မြင့်မားတဲ့အခါ သွေးများက
စေးကပ်တာမို့နှလုံးသွေးကြောရဲ့ဖိအား ပိုလာပါတယ် ။
★အိပ်ရာထထချင်း ရေသောက်ပါက ဝမ်းချုပ်ခြင်းကိုမွမ်းမံပေးပါတယ် ။
မနက် ရေတစ်ခွက်သောက်တာ က အူ အစာအိမ်လှုပ်ရှားမှုကိုအထောက်အကူပြု ပြီး ဝမ်းချုပ်ခြင်းကိုတိုးတက်ကောင်းမွန်စေပါတယ် ။ မအိပ်ခင်အိပ်ရာဘေးမှာ ရေတစ်ခွက်အရင်ထားထားပြီး အိပ်ရာနိုးလာတာနဲ့ချက်ချင်းသောက်ရင်ပိုပြီးအကျိုးသက်ရောက်ပါတယ် ။