Sweetest time

Showing posts with label Technical. Show all posts
Showing posts with label Technical. Show all posts

Sunday, 26 January 2014

Radio

Radio တစ်ခု Run တာခက်ခဲတယ့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက အချိန်နဲ့ လူအင်အား ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်ဒီ Tutorial ကိုကိုယ့်ဘာသာ Online Radio လုပ်ချင်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေကို ကိုယ်ဆီက သီချင်းတွေ ပို့စရာမလိုပဲ နားထောင်စေ ချင်တာလောက်ပဲ ဖြစ်ဖြစ် memory မစား၊ လွယ်လွယ်ကူကူနဲ့ Free လုပ်နိုင်မယ့်နည်းနဲ့ ကိုယ့်စိတ်ကြိုက် Radio တစ်ခုလုပ်ချင်တဲ့ ပြည်ပရောက် မြန်မာ Generation တွေအတွက် ရည်ရွယ်ပြီး လုပ်လိုက်တာပါ။ Free ဆိုတဲ့အတိုင်း ကန့်သတ်ချက် တစ်ခုကတော့ မြန်မာပြည်က အသုံးပြုသူတွေ အတွက်တော့ မရပါဘူး။ အဓိက Port အခက်အခဲကြောင့်ပါ။ Free ဖြစ်တာကြောင့် Sign Up လုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ Port ပေးတာမျိုး မဟုတ်ပဲ သူတို့ချပေးတာပဲ ယူရတော့ Port 80 နဲ့ Port 443 ပဲပွင့်တယ့် မြန်မာ Internet အတွက် အဆင်ပြေ လှပါဘူး။ ဒါကို ကျော်ပြီး လုပ်လို့ရတဲ့ နည်းလမ်းတွေ မရှိဘူးလာဆိုတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမဲ့ အဓိကဒီ Tutorial မှာလွယ်လွယ်နဲ့ တိုက်ရိုက် လုပ်နိုင်အောင်ပဲ ပြချင်တာမို့လို့ တခြား Software တွေသုံးရမယ့် အပိုင်းတွေကို ချန်လှပ်ထားခဲ့ပါတယ်။ စလိုက်ကြရအောင်။