Sweetest time

Monday, 18 August 2014

သခွားသီးအစွမ်း အံ့မခန်း

10419941_1387323421516349_843335622072897495_n
(၁) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ သခွားသီးဟာ ခန္ဓာကိုယ် အတွက် လိုအပ်သော ရေဓာတ် ၉၆ ရခိုင်နှုန်းကို ဖြည့်စွမ်း ပေးရုံသာမက အဆိပ်များကို ဖယ်ရှားပေးနိုင် တယ်လို့ ဆိုပါတယ်။
(၂) သခွားသီးဟာ ဗီတာမင် A, C ဖြည့်စွမ်းပေးရုံ သာမက ခန္ဓာကိုယ်တွင်း အပူဓာတ် များကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။ ထို့ပြင် အသားအရေ များကိုလည်း စိုပြည်စေ ရုံသာမက အားအင်များလည်း ရရှိ စေနိုင်ပါတယ်။
(၃) သခွားသီး စားခြင်းကြောင့် ကိုယ်ခန္ဓာ
အတွင်းမှ ရောဂါများ ဖြစ်ပွားမှုကိုလည်း သက်သာ စေနိုင်ပါတယ်။
(၄) သခွားသီးဟာ မှုးဝေခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အိပ်ယာမဝင်မီ သကြားဖြင့် စားပေးပါက သက်သာပျောက်ကင်း စေနိုင်ပါတယ်။
(၅) သခွားသီးသည် ခန္ဓာကိုယ်တွင်း ကုန်ခန်းသွားသော အားအင်းများကို ပြန်လည် ဖြည့်ဆည်း ပေးတဲ့အပြင် ကြွက်သားများ အတွက်လည်း အထူးပင် ကောင်းမွန်တယ်လို့ ဆိုပါတယ်။
(၆) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ မလိုအပ်သော အဆီများကို ကျဆင်းစေနိုင်ပါတယ်။

ခြေထောက် ကိုက်ခဲခြင်း (Foot aches) အတွက် အလွယ်ကုသနည်းများ

1958515_252498134929193_589780115_nခြေထောက် (foot) တစ်ချောင်းမှာ အရိုးပေါင်း ၂၆ ခု၊ အဆစ်ပေါင်း ၃၃ ဆစ်၊ အရွတ်ပေါင်း ၂၀၇၊ ကြွက်သားပေါင်း ၁၉ ခုနဲ့ ခြေထောက် တစ်ခုဖြစ်ဖို့ တစ်ခုနဲ့တစ်ခု ဆက်သွယ်တဲ့ အကြောမျှင်ပေါင်း များစွာ ပါရှိပါတယ်။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၈၀၀၀ မှ ၁၀၀၀၀ ကြား ခြေလှမ်းလေ့ ရှိတာကြောင့် ခြေဖဝါးပေါ်မှာ ကျရောက်တဲ့ ဖိအားဟာ သူ့ခန္ဓာကိုယ်ရဲ့ အလေးချိန်ထက် ပိုပြီး များလေ့ ရှိတတ်ပါတယ်။ ဒါ့အပြင် မိမိနဲ့ အံဝင်ခွင်ကျမှု မရှိတဲ့ ဖိနပ်တွေ ဝတ်ဆင်တာကြောင့် ခြေထောက် နာကျင်တတ်ပါတယ်။ ခြေထောက် နာကျင်တာ သက်သာတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
ခြေထောက်ကို မြှင့်တင်ထားပါ
သင်အိမ်ရောက်တာနဲ့ ထိုင်ပြီး ခြေထောက်ကို မြှောက်ထားပါ။ သွေးလှည့်ပတ်မှု ကောင်းအောင် ခြေချောင်း လေ့ကျင့်ခန်း လုပ်ပါ။ ခန္ဓာကိုယ်ရဲ့ ၄၅ ဒီဂရီလောက် ရောက်အောင် ခြေထောက် မြှောက်ထားပြီး မိနစ် ၂၀ ခန့် ဖြေလျော့ထားပါ။ (ခွေးခြေခုံပေါ် ခြေထောက် တင်ထားပါ)
ဆားရည်စိမ်ပါ
ခြေထောက်တွေ ညောင်းနေရင် အကောင်းဆုံး နည်းလမ်းဟာ ဆား ထမင်းစားဇွန်း တစ်ဇွန်း ဒါမှမဟုတ် နှစ်ဇွန်းစာကို ရေနွေးဇလုံ တစ်ခုထဲ ထည့်ပြီး သင့်ခြေထောက်ကို ခဏ စိမ်ထားပါ။ ပြီးရင် ရေအေးနဲ့ ပြန်ဆေးပြီး ခြေထောက်ကို အခြောက်ခံကာ Moisturiser ခရင်မ်လိမ်းပြီး နှိပ်ပေးပါ။
အပူတစ်လှည့် အအေးတစ်လှည့် အသုံးပြုပါ
ရေချိုးဇလုံပေါ် ထိုင်ပြီး သင့်ခြေထောက်ကို ဘုံပိုင်ရေအောက်မှာ မိနစ်အနည်းငယ် ထားပါ။ ရေနွေး တစ်မိနစ်၊ ရေအေး တစ်မိနစ်ကို တစ်လှည့်စီ ဖွင့်ပြီး နောက်ဆုံး ရေအေးနဲ့ အဆုံးသတ်ပါ။ အပူအအေး မညီမျှတဲ့ ရေကြောင့် ခန္ဓာကိုယ် စနစ်အားလုံး လန်းဆန်းစေနိုင်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးလှည့်ပတ်မှု ပြဿနာ ရှိနေရင် သင့်ခြေထောက်ကို အပူချိန် လွန်လွန်ကဲကဲနဲ့ မထိတွေ့စေပါနဲ့။
အနှိပ်ခံပါ
ခြေထောက်ကို နို့စို့ကလေးငယ်တွေ လိမ်းတဲ့ အဆီ (Baby Oil) ကို အသုံးပြုပြီး အနှိပ်ခံပါ။ ခြေဖဝါး တစ်ခုလုံးကို နှိပ်ပါ။ ခြေချောင်းတွေကို အသာအယာ ဖျစ်ညှစ်ပြီး ခြေဖဝါးပေါ်မှာ စက်ဝန်းပုံသဏ္ဌာန် ဖိပြီး နှိပ်ပေးပါ။ ခြေဖဝါး arch နေရာကို သင့်လက်မနဲ့ မာနိုင်သမျှ မာမာ ဖိဆွဲနိုင်ရင် အကောင်းဆုံးပါ။
ရေခဲကပ်ပါ
ရေခဲတုံးကို အဝတ်စနဲ့ပတ်ပြီး မိနစ်အနည်းငယ်ကြာမျှ သင့်ခြေဖဝါးနဲ့ ခြေချင်းဝတ်ကို ပွတ်ပေးပါ။ ရေခဲကြောင့် ရောင်ရမ်းမှု လျော့စေပြီး ထုံသွားတာကြောင့် နာကျင်တာ သက်သာသွားနိုင်ပါတယ်။ ပြီးရင် ခြေထောက်ကို ခြောက်အောင်သုတ်ပြီး အရက်ပြန် ဒါမှမဟုတ် ရှလကာရည်နဲ့ ပွတ်ပေးပါ။
လေ့ကျင့်ခန်း လုပ်ပါ
ခြေဖဝါးနဲ့ ခြေထောက်လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး အကိုက်အခဲ သက်သာသွားနိုင်ပါတယ်။ နေ့ခင်းပိုင်းမှာ ခြေထောက်တွေ တောင့်တင်းပြီး ကြွက်တက်တတ်ရင် သင့်လက်တွေကို တုန်ခါလှုပ်သလိုမျိုး ခြေထောက်ကို လှုပ်ပေးပါ။ တစ်ကြိမ်ကို ခြေထောက်တစ်ဘက်ပဲ လှုပ်ပြီး ခြေချောင်းတွေကို အပေါ်အောက် ကွေးဆန့်ပါ။ သင်ဟာ အချိန်အကြာကြီး မတ်တတ်ရပ် နေရရင် အဲဒီနေရာ ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှ လမ်းလျှောက်နေပါ။
ခြေထောက်တစ်ဖက်ကို ခွေးခြေပေါ်တင်ပြီး အနားပေးတာ ဒါမှမဟုတ် မကြာခဏ ခြေလှမ်းလှမ်းတာတွေ လုပ်ပါ။ ခြေထောက်တောင့်တာ သက်သာအောင် ဖိနပ်ချွတ်ပြီး ထိုင်ခုံပေါ် ထိုင်ကာ ခြေထောက်ကို ဆန့်တန်းထားပါ။ ခြေချင်းဝတ်မှ ခြေထောက်ကို Direction တစ်ဘက်သို့ ၁၀ ကြိမ်လှည့်ပြီးနောက် Direction တစ်ဖက်ကို ၁၀ ကြိမ်စီ လှည့်ပေးပါ။ ခြေချောင်းတွေကို အောက်ဘက် စိုက်နိုင်သလောက် စိုက်ပြီးနောက် အပေါ်ဘက်ကို လှန်နိုင်သလောက် လှန်ပါ။ ၁၀ ကြိမ် ထပ်မံပြုလုပ်ပြီး ခြေချောင်းတွေ အားလုံးကို ဆုပ်ကိုင်ပြီး အရှေ့နောက် ဆွဲပါ။ ခြေဖဝါးကို နှိပ်နိုင်အောင် ဖိနပ်ချွတ်ပြီး တင်းနစ်ဘောလုံး ဒါမှမဟုတ် ဂေါက်သီး ဘောလုံးပေါ် ခြေဖဝါးလှိမ့်ပေးပါ။
ခြေဖဝါးသက်သာအောင်
အောက်ခံ Sole ပြားထူတဲ့ ဖိနပ်စီးပါ။ Sole ပြားပါးတဲ့ ဒေါက်မြင့်ဖိနပ်တွေ မစီးပါနဲ့။
ဒေါက်မြင့်ဖိနပ် ပြောင်းလဲစီးပါ
ဒေါက်မြင့်ဖိနပ်ကြောင့် ခြေသလုံး ကြွက်သားတွေ တောင့်တင်းပြီး ခြေထောက် ညောင်းညာတတ်ပါတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ ဒေါက်နိမ့် ဖိနပ်ကို တစ်လှည့်စီ စီးပါ။
ဖိနပ်ဝယ်ရင် ညနေပိုင်းမှာ ဝယ်ပါ
ခြေဖဝါးဟာ နေ့ခင်းပိုင်းမှာ ကျယ်ပြန့်လာတတ်တဲ့ အတွက် ညနေပိုင်း ခြေထောက် သွေးကျတာ အတွက်ပါ နေရာ ပေးနိုင်တဲ့ ဖိနပ်ဝယ်ပါ။ မတ်တတ်ရပ်စဉ်မှာသာ ဖိနပ်ကို တိုင်းပြီး ဖိနပ်မဝယ်ခင် နှစ်ဖက်စလုံး စီးကြည့်ပါ။ ခြေထောက်တစ်ဖက်က တခြား တစ်ဖက်ထက် ကြီးနေရင် ကြီးတဲ့ ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်ကို ဝယ်ပါ။
ဆရာဝန်နဲ့ ဘယ်အချိန် ပြရမလဲ
- သင့်ခြေထောက်ဟာ တစ်နေ့လုံး နာကျင်နေရင်
- ရှူးဖိနပ်စီးလို့ မရနိုင်အောင် နာကျင်နေရင်
- မနက်ပိုင်းမှာ လမ်းလျှောက်လို့ မရအောင် နာကျင်နေရင် ခြေထောက်မှာ ပူစပ်ပူလောင်ဖြစ်ပြီး နာကျင်တာဟာ သွေးလှည့်ပတ်မှု နည်းတာ၊ ဆီးချိုရောဂါ သွေးအားနည်းတာ၊ သိုင်းရွိုက်ရောဂါ၊ အရက်မူးလွန်တာ ဒါမှမဟုတ် တခြား ကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြပါ။

သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ


10172609_240650662788500_1827746417_n
ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာသူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်း လတ်ဆတ်သောဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်း သက်သာစေပါတယ်။အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့် ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက် ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင် သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင် အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။ဝမ်းမီးအပူအပုပ်အချွဲများကို ဖယ်ရှားခြင်း၊ ၀မ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူရောင်ရောဂါ များကို ကုသပျောက်ကင်းနိုင်ပါတယ်။အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့ ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ် အသုံးပြုနိုင်ပါတယ်။သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ၀မ်းဗိုက်အားလိမ်းပေးပါက ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာ ဖြစ်တတ်သော အရေပြားယားယံခြင်းများကို အထူးပျောက်ကင်းစေပါတယ်။ဒေါက်တာအောင်နိုင်

Thursday, 29 May 2014

ကန်ဇွန်းဥ နှင့် ကင်ဆာရောဂါ

1016090_188720331289733_137383646_n
အစာလဲဆေး ဆေးလဲအစာ
ကန်ဇွန်းဥဟာ အာဟာရပေါကြွယ်ဝတယ်။ ဗီတာမင် စီ နှင့် အေ ပိုများတယ်။
အမြဲတမ်းစားပေးရင် ခန္ဓာကိုယ်ကို ကျန်းမာစေပြီး အသက်ရှည်စေတယ် ။
ကန်ဇွန်းဥမှာ ဖိုင်ဘာအမျှင်များပြားစွာ ပါဝင်လို့ အစာအိမ်နှင့် အူအတွင်း
ရွေ့ လျားမှုကို မြှင့်တင်ပေးတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်။
လိပ်ခေါင်းရောဂါ နှင့် စအိုကွဲနာတွေကို သက်သာပျောက်ကင်းစေပါတယ်။
အူမကြီးကင်ဆာ နဲ့ စအိုပြွန်ကင်ဆာရောဂါတို့ကို ကာကွယ်ပေးရာမှာ အကျိုးပြုတယ်။
အနောက်နိုင်ငံ သုတေသနပြုချက်အရ ဟော်မုန်းအတုလို့ခေါ်နိုင်တဲ့ ဓာတ်တွေပါဝင်လို့ ရင်သားကင်ဆာ နဲ့ အူမကြီးကင်ဆာတို့ကို ထိန်းချုပ်နိုင်တယ်ဆိုပါတယ်။ထို့ပြင် ဝတဲ့လူတွေ အဆီချဖို့ ကန်ဇွန်းဥကိုစားသုံးနိုင်ပါတယ်။အရိုးအဆစ်များ ၊ သွေးကြောများဝန်းကျင်မှာ ဒုက္ခပေးတဲ့ ရောဂါကိုလည်း ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ် ။
ကန်ဇွန်းဥကို ပူနွေးစဉ် စားသုံးသင့်ပါတယ် ။စားတဲ့နေရာမှာလဲ ဆီနဲ့တို့စားသင့်ပါတယ် ။ကန်ဇွန်းဥမှာပါတဲ့ ဓာတ်အချို့ ဟာ ဆီမှာ ပျော်လွယ်ပြီး အစာအိမ်က စုပ်ယူမှု အားကောင်းစေလို့ဖြစ်ပါတယ် ။
အစာအိမ်အချဉ်ပေါက်သူတွေကတော့ ကန်ဇွန်းဥက အစာအိမ်ထဲမှာ အက်စစ်လို ဖြစ်ပေါ်စေလို့ ရှောင်ကြဉ်သင့်ပါတယ် ။ကန်ဇွန်းဥအခွံမှာ အမည်းစက် ပွင့်နေရင် ၊ အညှောင့်ပေါက်နေရင် မစားသင့်ပါ ။
အဆိပ်တက်ပါသည် ။
ကျန်းမာရေးအတွက် အသုံးဝင် ဆေးမြီးတိုများ

ထောပတ်သီးမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ

1474480_551751471583057_884125240_n
(၁) ဦးနှောက်ကို ကျန်းမာစေပါတယ်။
(၂) နှလုံးကို ကျန်းမာစေ ပါတယ်။
(၃) ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။
(၄) သွေးတိုးရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။
(၅) သွေးတွင်း သကြားဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။
(၆) ဗိုက်အောင့်ခြင်း အတွက်လည်း ကောင်းမွန်စေပါတယ်။
(၇) မျက်စိကိုလည်း ကြည်လင်စေပါတယ်။
(၈) ဖောလစ်အက်စစ်ဓာတ်ကိုလည်း ကြွယ်ဝစေပါတယ်။
(၉) အိုမင်း ရင့်ရော်ခြင်း အတွက်လည်း ကောင်းမွန်ပါတယ်။
(၁၀) အကိုက်အခဲများကိုလည်း သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်


10401391_276169132555109_160079253932232370_n
၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)
၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)
၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးပြုပုံ


10155427_288208361348270_947023528657536420_n

(၁) အဆိပ်ပြေစေပါတယ်
(၂) ဝမ်းမှန်မှန် သွားစေပါတယ်

(၃) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်

(၄) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
(၅) သွေးဖိအားကို ထိန်းပေးပါတယ်
(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်
(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်
တစ်ခြား အကျိုးကျေးဇူး
အမျိုးသမီးများ လစဉ်ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
အနာတွေကို သက်သာစေပါတယ်။ နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ


999
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿသနာတွေဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု
—-
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။
ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း
——-
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။

သန့်ရှင်းလှပတဲ့ ခြေထောက်တစ်စုံပိုင်ဆိုင်စေဖို့


1471857_1394314264149890_1729476876_n
ခြေထောက်ဆေးပါ ရေနွေးနွေးလေးနဲ့ ခြေထောက်ကို စိမ်ထားပြီး ဆေးကြောပေးတာဟာ သက်သောင့်သက်သာရှိသလို ပင်ပန်းမှုတွေလည်း ပြေစေကာ ၊ ရေလောင်းပြီး ခြေထောက်ဆေးတာထက်ခြေထောက်ကို ပိုပြီးသန့်စင်စေနိုင်ပါတယ်။ အလုပ်က ပြန်လာပြီး ညစာစားပြီးလို့ တီဗီကြည့်ရင်း အပန်းဖြေနေချိန်မှာ ခြေထောက်စိမ်ထားပေးလို့ ရပါတယ်။ မနက်တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်တော့ခြေထောက်ကို ပုံမှန်သန့်စင်ပေးပါ။
ကြေးချွတ်သန့်စင်ပါ
ဈေးကွက်ထဲမှာ အရေပြားကြေးချွတ် သန့်စင်တဲ့ ပစ္စည်းတွေ စုံလို့ပါပဲ။ သင့်အသားအရေ၊ အရေပြားနဲ့ သင့်တော်တဲ့ ပစ္စည်းတစ်မျိုးကိုသုံးပြီး ပုံမှန်ခြေဖနောင့်၊ ခြေချောင်းတွေနဲ့ ခြေသလုံးနေရာတွေအထိ ကြေးချွတ်ပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အရေပြားကိုလည်း ချောမွေ့နေစေပါတယ်။တစ်မိနစ်လောက် ဘရပ်ရှ်နဲ့ခပ်ဖွဖွ ပွတ်တိုက် ကြေးချွတ်ပေးခြင်းဟာလည်း ခြေထောက် အနံ့ထွက်တာနဲ့ ခြေထောက်ကြားမှာ ဖြစ်တတ်တဲ့ အရေပြားရောဂါတချို့ကို သက်သာစေနိုင်ပါတယ်။

ရေဓာတ်ဖြည့်ပါ ရေဓာတ် (Moisturize) ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို သင့်လက်ဖဝါးနဲ့ ခြေဖဝါးတွေကို ပုံမှန်လိမ်းပေးပါ။ ဒါဟာ ခြေထောက် ခြောက်သွေ့ အက်ကွဲတာနဲ့ အရေပြား ပွန်းပဲ့မှုတွေကို သက်သာစေပါတယ်။

ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း

4ာ
ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာဆေးမြီးတိုဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။
လိုအပ်သော ပစ္စည်းများမှာ-
၁။ (၁)နှစ်ကျော် ပျားရည်အဟောင်း (သဘာဝပျားရည်စစ်စစ်)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ
၁။ ရေနွေးခွက်ထဲကို သံပရာသီး တစ်ခြမ်းထည့်လိုက်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည်တစ်ဇွန်းခန့်ထည့်ပါ။
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။
နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားပါလိမ့်မည်။
သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀စေစေနိုင်ပါသည်။

Tuesday, 27 May 2014

အသားအရေ ခြောက်သွေ့သူများအတွက် ဗီတာမင်များ

ဗီတာမင်အမျိုးမျိုးနဲ့ ကောင်းမွန်လတ်ဆတ်တဲ့ အာဟာရဓာတ်များကို သင့်တင့်မျှတစွာ ဂရုတစိုက်စားသုံးပေးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့အပြင် အသားအရေကိုလည်း ကောင်းကျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ခြောက်သွေ့သူများအတွက် စားသုံးပေးသင့်တဲ့ ဗီတာမင် အမျိုးအစားများနှင့် ၄င်းတို့ရဲ့ ရင်းမြစ်အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင် A---
ဗီတာမင် A ကတော့ အသားအရေအတွက် အဓိကအရေးကြီးတဲ့ ဓာတ်တမျိုးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဗီတာမင်ဓာတ်အားလုံး ညီညွတ်မျှတမှသာ စိုပြည်ကျန်းမာတဲ့ အသားအရေကို ရနိုင်မှာဖြစ်ပါတယ်။ ဗီတာမင် A ဟာ အရေပြားဆဲလ်များ ကြီးထွားမှုနဲ့ ပြန်လည်ပြုပြင်မှုများကို အထောက်အပံ့ပေးတဲ့အပြင် အရိုးဖွံ့ထွားမှု၊ အမြင်အာရုံ ကြည်လင်စေမှုနဲ့ ကိုယ်ခံအားစနစ် လည်ပတ်မှုတို့အတွက်လည်း အရေးပါလှပါတယ်။
ဗီတာမင် A ချို့တဲ့ခြင်းအားဖြင့် အသားအရေခြောက်သွေ့ခြင်း၊ ဆံပင်အသားခြောက်သွေ့ခြင်း၊ မျက်သားခြောက်သွေ့ခြင်းနဲ့ လည်သည်းကျိုးခြင်းတို့လို ဆိုးကျိုးများကို ဖြစ်ပွားစေပါတယ်။

ဒါကြောင့် ဗီတာမင် A မချို့တဲ့ရလေအောင် အောက်ဖော်ပြပါ အစားအစာများကို လုံလုံလောက်လောက် စားပေးသင့်ပါတယ်။
မုန်လာဥနီ၊ ကြက်ဥအနှစ်၊ ပဲအမျိုးမျိုး၊ ဆီးသီးခြောက်၊ ဂေါ်ဖီထုပ်၊ ဟင်းနုနယ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ဖရဲသီးနဲ့ လိမ္မော်သီးတို့ဟာ ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာများဖြစ်ပါတယ်။ ဒီအစားအစာများမှာသာမကဘဲ ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့ ဆန်၊ ဂျုံ၊ ပြောင်း စတဲ့ ကောက်ပဲသီးနှံများနဲ့ လတ်ဆတ်တဲ့ သီးနှံဖျော်ရည်များကလည်း ဗီတာမင်နဲ့ သတ္ထုဓာတ်များကို ပြည့်ဝစွာ ပေးစွမ်းနိုင်တဲ့ ရင်းမြစ်များပဲ ဖြစ်ကြပါတယ်။

တခြားသော ဗီတာမင် ဓာတ်များ---
ဗီတာမင် A အပြင် တခြားတခြားသော ဗီတာမင်ဓာတ်များဟာလည်း အသားအရေခြောက်သွေ့မှုကို ကာကွယ်တားဆီးပေးနိုင်ပါသေးတယ်။ ပိုတက်ဆီယမ်ဓာတ်ကိုတော့ အာလူး၊ ဖရဲသီး၊ ဘူးသီး၊ ဖရုံသီး၊ ငှက်ပျောသီးနဲ့ ခရမ်းချဉ်သီးတို့မှ ကြွယ်ဝစွာရရှိနိုင်ပါတယ်။
ဆိုဒီယမ်ဓာတ်ကို ရေငန်ငါး၊ တူနာငါး၊ သံလွင်ဆီနဲ့ အချဉ်စိမ်ထားတဲ့ အသီးအရွက်တို့မှ ရနိုင်ပါတယ်။

နောက်ထပ်အသားအရေအကျိုးပြု ဗီတာမင်တမျိုးကတော့ ဗီတာမင် D ဖြစ်ပါတယ်။ နံနက်ခင်း နေခြည်နွေးနွေးကို ခံယူခြင်းအားဖြင့် အသားအရေရဲ့ ဗီတာမင် D စူပ်ယူမှုကို မြင့်တက်စေနိုင်သလို နွားနို့၊ ဆန်၊ ဂျုံ၊ ပြောင်းများကိုလည်း စားသုံးပေးရပါမယ်။
နောက်ထပ် လူသိများတဲ့ ဗီတာမင်တမျိုးက ဗီတာမင် E ပဲ ဖြစ်ပါတယ်။ ဗီတာမင် E ရဲ့ အသားအရေ အကျိုးပြုဂုဏ်သတ္တိတွေကတော့ အများကြီးပါပဲ။ ဗီတာမင် E ကို မုန်လာဥနီ၊ မြင်းစားဂျုံ၊ ကညွတ်၊ နေကြာဆီ၊ ပြောင်း၊ ဂျုံ စပါး စတာတွေမှာ ကြွယ်ဝစွာ တွေ့ရှိနိုင်ပါတယ်။
ဗီတာမင် B ကိုတော့ Wholegrains နဲ့ အသည်းတို့မှ ရရှိနိုင်ပါတယ်။

ဗီတာမင်နဲ့ အာဟာရဓာတ်များကို သမမျှတစွာ စားသုံးပေးခြင်းဟာ သန့်စင်ပြီး စိုပြည်ကျန်းမာတဲ့အသား အရေကို ရရှိစေဖို့ အများကြီးအထောက်အကူ ပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ ရည်ရွယ်ပြီး ဗီတာမင်ကြွယ်ဝတဲ့ အစားအစာများကို သင့်ရဲ့ဟင်းပွဲတိုင်းမှာ ပါဝင်နေစေဖို့ စီမံပါ။ ရေကို တတ်နိုင်သမျှ များများသောက်ဖို့ မမေ့ပါနဲ့။ ဒါတင်မကဘဲ ပြင်ပကာကွယ်မှု အနေနဲ့ ဗီတာမင် E၊ A နဲ့ ရှားစောင်းလက်ပတ်ပါဝင်တဲ့ Moisturizer နဲ့ Lotion တွေကို ထပ်မံသုံးစွဲပေးမယ်ဆိုရင် သိသိသာသာ ထူးခြားကောင်းမွန်လာတဲ့ အသားအရေကို အံ့သြဖွယ် တွေ့ရှိရမှာပါ။

(Image 2010-November)

Monday, 26 May 2014

စိတ်ကူးပျော်ရာ: ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်?

စိတ်ကူးပျော်ရာ: ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်?: ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ? ========================== =========== (ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရို...

စိတ်ကူးပျော်ရာ: လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက...

စိတ်ကူးပျော်ရာ: လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက...: လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့...

စိတ်ကူးပျော်ရာ: မှိုစားမည်ဆိုလျှင် အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်

စိတ်ကူးပျော်ရာ: မှိုစားမည်ဆိုလျှင် အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်: မိုးရာသီသို့ ရောက်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် အမျိုးမျိုးသောမှိုတို့ ဖူးပွင့်လာကြသည်။ သဘာဝ အလေ့ကျ ပေါက်သောမှို...

စိတ်ကူးပျော်ရာ: ဘေးအန္တရာယ်ကိုဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေးမျာ...

စိတ်ကူးပျော်ရာ: ဘေးအန္တရာယ်ကိုဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေးမျာ...: ✿ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက် ၏အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ bacon ၊ အစားအစာများက...

စိတ်ကူးပျော်ရာ: ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာမျာ...

စိတ်ကူးပျော်ရာ: ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာမျာ...: (၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။ (၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေ ပြီး၊ ဦးနှောက်တုန့် ပြန်မှုနှုန...

စိတ်ကူးပျော်ရာ: အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း လေပွခြင်း

စိတ်ကူးပျော်ရာ: အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း လေပွခြင်း:                  အစာအိမ်နှင့် အူလမ်းကြောင်းက အစားအစာချေဖျက်သည့်အခါ ဂက်စ်များထွက်လာသည်။ ထိုဂက်စ်များကြောင့် ဗိုက်ပွစေပြီး ပြင်ပသို့ စွန့်ထ...

စိတ်ကူးပျော်ရာ: မြန်မာ့ဆေးဖက်ဝင် ကန်စွန်းရိုးနီပင်

စိတ်ကူးပျော်ရာ: မြန်မာ့ဆေးဖက်ဝင် ကန်စွန်းရိုးနီပင်:   မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ရေမြောင်း ရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျ ပေါက်ရောက်၏ ။ စိုက်ပျိုးပင် အဖြစ်လည်း စ...

စိတ်ကူးပျော်ရာ: ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ

စိတ်ကူးပျော်ရာ: ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ:           လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ တုပေါ်မူတည်၍ ၄င်းပမာဏထက် အပူချိန် အတက်/ အကျ အနည်းငယ...

စိတ်ကူးပျော်ရာ: သည်းခြေမှကျောက်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း

စိတ်ကူးပျော်ရာ: သည်းခြေမှကျောက်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း: အစာစားပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ၀မ်းဗိုက်နာနေခြင်း၊ အစာမကြေသလိုခံစားခြင်း၊ အသည်းမှာ နာနေခြင်း စသည့်ဖြစ်နေလျှင် အသည်းမှာ ကျောက်တည်ေ...

စိတ်ကူးပျော်ရာ: ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း

စိတ်ကူးပျော်ရာ: ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း: ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။ ၁။ အုန်းသီးနုနု တစ်လုံးကို ခူ...

စိတ်ကူးပျော်ရာ: ဒန့် သလွန်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

စိတ်ကူးပျော်ရာ: ဒန့် သလွန်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ: ဒန့်သလွန်ရွက်သည် ကျန်းမာရေးအတွက် အလွန် အထောက်အကူပြုပေးနိုင်သည့် အစားအသောက်တစ်မျိုးဖြစ်ပါသည်။ ဒန့်သလွန်ရွက်ကို ဟင်းချိုအဖြစ်၎င်း၊ တို့စရ...

စိတ်ကူးပျော်ရာ: လွဲမှားနေသော ခံတွင်း သန့်ရှင်းရေး စနစ်များ

စိတ်ကူးပျော်ရာ: လွဲမှားနေသော ခံတွင်း သန့်ရှင်းရေး စနစ်များ: ၁. သွားတိုက်စဉ် အချိန်ကြာမြင့် စွာတိုက်ခြင်း၊ မကြာခဏသွားတိုက် ခြင်း မကြာခဏ သွားတိုက်ခြင်းဖြင့် သွား၏အပေါ်ယံလွှာတွေ စားသွား ပြီး နာကျင်မှုေ...

စိတ်ကူးပျော်ရာ: သဘာဝဆေးနည်းဖြင့် ၀အောင်လုပ်နည်း

စိတ်ကူးပျော်ရာ: သဘာဝဆေးနည်းဖြင့် ၀အောင်လုပ်နည်း: သဘာဝဆေးနည်းဖြင့် အဆီချနည်း၊ ၀မ်းဗိုက်အဆီကျနည်းနှင့် ပိန်စေမည့်ဆေးနည်းများကို အရင်ကလည်း တင်ပြပေးခဲ့ဖူးပါပြီ။ ဆေးနှင့်ဆိုင်သော အခြားစာမျ...

စိတ်ကူးပျော်ရာ: အစာအိမ်ရောဂါပျေက်တဲ့ သဘာဝဆေးနည်း

စိတ်ကူးပျော်ရာ: အစာအိမ်ရောဂါပျေက်တဲ့ သဘာဝဆေးနည်း:                     အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။ ...

စိတ်ကူးပျော်ရာ: ဆံကေသာနက်မှောင်လာစေရန် သဘာဝနည်းဖြင့် ပေါင်းတင်နည်း...

စိတ်ကူးပျော်ရာ: ဆံကေသာနက်မှောင်လာစေရန် သဘာဝနည်းဖြင့် ပေါင်းတင်နည်း...: -------------------------- -------------------------- ----------------------- ဓါတုဗေဒနည်းများဖြင့် ထုတ်လုပ်ထားသည့် ရှန်ပူခေါင်းလျှော်ရ...

ရေကို ဘယ်အချိန်မှာသောက်ရင် ဘာအတွက်ကောင်းလဲ ...?



 
★ အိပ်ရာမဝင်ခင် ရေသောက်ပါ ။
 
သွေးထဲမှာ ၇၀% က ရေဖြစ်တာမို့ ခန္ဓာကိုယ်က ရေလိုအပ်တဲ့အခါသွေး များက အနှစ်ဖြစ်သွားခြင်း၊ စေးကပ်သွားတာမို့သွေးစီးဆင်းခြင်းကိုထိခိုက်စေခြင်း၊ သွေးပေါင်တိုးခြင်း၊ သွေးကြောကျဉ်းစေတယ် ။အိပ်နေတဲ့အခါ ကိုယ်ခန္ဓာကသဘာဝအလျှောက်အသက်ရှူတတ်ခြင်း၊ချွေးထွက်ခြင်း အစရှိသောရေတို့
ကိုထုတ်လွှတ်ပါတယ် ။ Harvard University လေ့လာချက်အရ မနက် ၆~၉နာရီ မှာ နှလုံးကြွက်သားပုပ်ခြင်း (MI ) ၊ လေဖြတ်တတ်ခြင်း (embolic stroke)ဖြစ်တတ်ပါတယ် ။

တချို့သူတွေကတရေးနိုးအပေါ့သွားရတာ အိပ်ရေးပျက်မှာစိုးရိမ်ခြင်း၊ အသက်ကြီးသူများ လိမ့်ကျမှာကိုစိုးရိမ်ခြင်း၊အကြောင်းကြောင်းကြောင့်
(ကျောက်ကပ်ကျောက်တည်သူမှလွဲလို့)အိပ်ရာမဝင်ခင်တစ်နာရီ~နှစ်နာရီ အလိုမှာရေသောက်ပါ ။ အိပ်ရာထထချင်း ချက်ချင်းရေသောက်ပါက
သွေးကြောပိတ်ခြင်းကိုကာကွယ်ပေးပါတယ် ။
ရေပူစမ်းတွင်ရေပူမစိမ်မှီ ရေအရင်သောက်ထားတာကအကောင်းဆုံးပါ ၊
ရေပူစိမ်ခြင်းကချွေးအများဆုံးထွက်ပြီး ၊ အပုချိန်မြင့်မားတဲ့အခါ သွေးများက
စေးကပ်တာမို့နှလုံးသွေးကြောရဲ့ဖိအား ပိုလာပါတယ် ။
 
★အိပ်ရာထထချင်း ရေသောက်ပါက ဝမ်းချုပ်ခြင်းကိုမွမ်းမံပေးပါတယ် ။
မနက် ရေတစ်ခွက်သောက်တာ က အူ အစာအိမ်လှုပ်ရှားမှုကိုအထောက်အကူပြု ပြီး ဝမ်းချုပ်ခြင်းကိုတိုးတက်ကောင်းမွန်စေပါတယ် ။ မအိပ်ခင်အိပ်ရာဘေးမှာ ရေတစ်ခွက်အရင်ထားထားပြီး အိပ်ရာနိုးလာတာနဲ့ချက်ချင်းသောက်ရင်ပိုပြီးအကျိုးသက်ရောက်ပါတယ် ။
 

Monday, 19 May 2014

ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ

                



ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)

ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

ဆေးနည်း(၃)

စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။

သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ တိုင်းရင်းဆေးများ၏ အစွမ်း

ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751
 
 
 ရှန်းလေးထ ဇာဟာဝေ အဲတာထက် အာမခံ တစ်ပတ်အတွင်းပျေက်ကင်းစေနူင်တဲ့ နည်းရှိတယ် ။ ကြွက်နု ကို ပါးပါးလေး လက်သည်းညှပ်တံနဲ့  ညှပ်ပေးလိုက်ပါ ပြီးရင် ကြောင် ရဲ့ နုတ်ခမ်းမွှေး တစ်ချောင်းလောက် ရအောင်ရှာပြီး ကြွက်နု အသားထဲကို ထိုးသွင်းလိုက်ပါ နည်း၂တော့  ဆူး ဆူးသလိုမျိုးခံစားပါလိမ့် မည် ပြီးရင် ထိုးသွင်လိုက်တဲ့ ကြောင်နုတ်ခခမ်းမွှေးကို မိမိ အသားနှင့် အညီး လက်သည်းညှပ်တံ နဲ့ ပြန်ညှပ်ပေးလိုက်ပါ ။ ၂ရက် ၃ရက်လောက်ဆို ကြောင်မွှေးထိုးသွင်းထားတဲ့  ကြွက်နု ဟာ တစ်ဖြည်းဖြည်း ခြောက်လာပြီး တစ်ပန်လောက်ဆို လုံးဝ ပျောက်ကင်းသွားမည် ။ သမီး လက်မှာ ကြွက်နု အများကြီး ပေါက်ဖူးတယ် ။ သမီး ဒီနည်းနဲ့ ပဲ လုံးဝ ပျောက်ကင်းသွားပါတယ် ။ စမ်းကြည့် လိုက်ပါ သူငယ်ချင်းတို့  မခက်ပါဘူး

Monday, 5 May 2014

သက်သတ်လွတ်သမားများ သိထားရမည့် အချက် (၄)ချက်

 

သက်သတ်လွတ်စားသူအနေဖြင့် အောက်ပါအချက်(၄)ချက်ကို လျှော့နည်းကြပါတယ်။
၁။ ပရိုတင်းဓါတ်လျှော့နည်းခြင်
၂။ ဗိုက်တာမင်ချို့တဲ့ခြင်း
၃။ ကယ်လိုရီလျှော့နည်းခြင်း
၎။ သတ္ထုဓါတ်များအားနည်းခြင်း
 

၁။ ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာစေရန်
အသားမစားလို့ လျှော့နည်းနေတဲ့ ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာစေရန် တိုဟူး၊ ပဲမျိုးစုံနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွတ်တို့ကို စားသုံးပေးပါက ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာသည့်အပြင် ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ ပဲကို ၂မျိုး ၃မျိုးသာ မဟုတ်ပဲ ပဲမျိုးစုံစားပေးဖို့ လိုအပ်ပါတယ်။
 

၂။ ဗိုက်တာမင်ဓါတ် ပြန်လည်ပြည့်ဝလာစေရန်
သွေးနီဆဲလ်များ ဖွဲ့စည်းရန်၊ နဗ်ဆဲများဖွဲ့စည်းရန်၊ DNA တည်ဆောက်ရန် ခန္ဓာကိုယ်အတွင်း ဗိုက်တာမင်ဓါတ် ရှိဖို့လိုအပ်ပါသည်။ အသားဓါတ်တွင်ပါဝင်သော ဗီတာမင် B12 ကို သက်သတ်လွတ်သမားများ ချို့တဲ့နေသည့်အတွက် စိတ်ကျခြင်း၊ ခံတွင်းပျက်ခြင်း၊ အနံ့ခံအာရုံပျက်ခြင်း၊ ထုံကျင်ခြင်းနှင့် ဆီး၊ ၀မ်းမထိန်းနိုင်သောရောဂါတို့ ဖြစ်တတ်သည်။ ထိုကြောင့် နွားနို့နှင့် နို့ထွက်ပစ္စည်းများစားသုံးပေးပါ။၊ ဗီတာမင် B12 ဆေးကို မှီဝဲပေးပါ။

Monday, 24 February 2014

ချွေးပေါက်ကျယ်ခြင်း နှင့် ကုသနည်း



ချွေးပေါက်ကျယ်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ချွေးပေါက် ပိတ်ခြင်း၊ အဆီပြန်တဲ့ အသားအရေ ထိန်းသိမ်းမှု မရှိခြင်း၊ ဈေးကွက်မှာ တန်ဖိုးနည်း အလှကုန်အသုံးအဆောင်များ အသုံးများခြင်း တွေကြောင့် လဲဖြစ်နိုင်သလို အသက်အရွယ်ကြောင့်လဲဖြစ်နိုင်ပါတယ်..

ချွေးပေါက်ကျယ်တာကလည်း မိန်းကလေးတွေ အတွက် ဒုက္ခတစ်မျိုးပဲ မဟုတ်ပါလား။ မှန်ထဲကြည့်လိုက်ရင် ချောမွေ့ မှုံညက်တဲ့ အသားအရည်မျိုး ဖြစ်နေချင်တာ အားလုံးဖြစ်ခြင်တဲ့ ဆနတစ်ခုပဲမဟုတ်ပါလား။
ချွေးပေါက်ကျယ်ခြင်းကို အဆီပြန်တတ်တဲ့ နေရာတွေကတော့ နှခေါင်းနားတ၀ိုက်၊ နဖူးနှင့် မေးစေ့နားတွေမှာ တွေ့ရတာများပါတယ်။

ချွေးပေါက်လေးတွေက ခန္ဒာကိုယ်က မလိုအပ်တဲ့ အညစ်အကြေး၊ ချွေးတို့ကို စွန့်ထုတ်ပေးသလို အသားအရေ စိုပြေလန်းဆန်းဖို့အတွက် အဆီကိုလည်း ထုတ်ပေးပါတယ်။ အဲဒါကြောင့် အသားအရေ ခြောက်တဲ့သူတွေဟာ စိုပြေတဲ့သူတွေ ထက် ပိုပြီး အိုမင်းရင့်ရော်လွယ်စေပါတယ်

ချွေးပေါက်ကျယ်တာက မျိုးရိုးလိုက်တတ်သလို အရေပြားထဲမှာ အဆီ၊ ချေး၊ ဖုန် လေးတွေ ပိတ်မိနေတာက ချွေးပေါက်ကို ပိုပြီးကျယ်စေပါတယ်။ ချွေးပေါက်ကျယ်တဲ့သူတွေဟာ သာမန်ထက်ပိုပြီး အဆီပြန်နိုင်၊ ဝက်ခြံပိုထွက် နိုင်ချေရှိပါတယ်။

ကုသနည်း
-------

၁။ မျက်နှာကို ညစဉ် မိမိအသားအရေနဲ့ ကိုက်မယ့် facial foam နဲ့ မျက်နှာသစ်ပါ။ အရင်ဆုံးကို ရေကြက်သီးနွေးလေးနဲ့သစ်ပေးပါ။ အဲဒါက ချွေးပေါက်ကို ခနကျယ်စေပြီး အဲဒီ ချွေးပေါက်ထဲမှာပါတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ပြီးမှ ရေအေးနဲ့ပြန်သစ်ပေးရင် သန့်စင်ပြီးသားချွေးပေါက်လေးတွေ ပြန်ပြီးကျဉ်းစေပါတယ်။

၂။ Toner သုံးပါ။ Toner သုံးတာက ချွေးပေါက်ဘေးက ကြွက်သားလေးတွေကို တင်းပေးတာကြောင့် ချွေးပေါက်ကို မသိသာစေတော့ပါဘူး။ ဒါ့အပြင် အထဲမှာ ကပ်ငြိနေတာတွေကိုလည်း ဖယ်ရှားပေးပါတယ်။ နောက်ထပ်လိမ်းမယ့် skincare ကို မျက်နှာမှ စုပ်ယူမှုပို အားကောင်းစေပါတယ်။

၃။ Oil free products များကို မှီဝဲပါ။ အဆီပါတဲ့ အလှကုန် ပစ္စည်းတွေဟာ ချွေးပေါက်ကို ပိုပြီး ထင်ရှားစေပါတယ်။

၎။ ဗိုက်တာမင် စီ နဲ့ ဗိုက်တာမင် အေ ပါတဲ့ အစားအသောက်ကို စားပေးပါ။ Retin A လို့ ခေါ်တဲ့ Vitamin A လိမ်းဆေးက အဆီပြန်တာ လျှော့ချပေးသလို ဝက်ခြံကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ဗိုက်တာမင် စီ ကတော့ ချွေးပေါက် အရွယ် အစားကို ကျဉ်းပေးပါတယ်။ မကောင်းတဲ့ အချက်က မျက်နှာ နီပြီး အသားအရေ ခြောက်သွေ့စေပါတယ်။

၅။ နေရောင်ဒဏ်မှ ကာကွယ်ပါ။ နေရောင်ကြောင့် အသားအရေပျက်စီးပြီး ချွေးပေါက်ကို ပိုကြီးစေနိုင်ပါတယ်။

၆။ Perricone MD Intensive Pore Minimizer L'Oreal Skin Genesis Pore Minimizing Skin အစရှိတဲ့ Pore minimizing product တွေကို လည်း အသုံးပြုနိုင်ပါတယ်။

၇။ Facial Mask::: အိမ်မှာပြုလုပ်နိုင်တဲ့ လွယ်လွယ်ကူကူ နည်းလေးရှိပါတယ်။ မနက်ဖြန် အပြင်သွားမယ်ဆို ဒီနေ့လုပ်လို့ရပါတယ်။

ရေခဲအိတ်ကပ်ခြင်း
--------------------
ဒါကတော့ အရမ်းလွယ်ပါတယ်။ ရေခဲတုံးလေးတွေကို ချည်သားအ၀တ်သန့်လေးနဲ့ ထုတ်ပြီး မျက်နှာကို ကပ်ပေးခြင်းပါ။ ချွေးပေါက်ကျယ်ခြင်း နှင့် အဆီပြန်ခြင်းကို သက်သာစေပါတယ်။

ပျားရည် နဲ့ကုသခြင်း
-------------------------

ပျားရည် သံပုရာရည် ရောပြီး ၅မိနစ်လောက် မျက်နှာပေါ်တွင် လိမ်းပြီး ဖွဖွ နှိပ်ပေးပါ။ ပြီးရင် ရေနွေးနွေး နဲ့ သစ်ပေးပါ။ ချွေးပေါက် မှာ ပိတ်နေတဲ့ အညစ်အကြေးများကို သန့်စင်စေပြီး၊ ချွေးပေါက်ကျယ်ခြင်း နှင့် အဆီပြန်ခြင်းကိုပါ သက်သာစေပါတယ်။

ခရမ်းချဉ်သီး နှင့် သခွားရည်
-------------------------------
ခရမ်းချဉ်သီး၊ သခွားရည် နှင့် ဆားအနည်း ရောမွေပြီး မျက်နှာပေါ်တွင် လိမ်းပြီး မိနစ်၂၀ထားပေးခြင်းအားဖြင့် ချွေးပေါက်ကျယ်ခြင်းကို သက်သာစေသလို အသားအရေကိုလဲ ဖြူဖွေး လှပလာ စေပါတယ်။

ပျားရည် နှင့် ကွေကာအုတ်
-----------------------------
ပျားရည် ၂ဇွန်း ၊ နို့မှုန့် ၂ဇွန်း နှင့် ကွေကာအုတ် ၅ဇွန်းကို ရောပြီး ၁ပတ် ၂ကြိမ်လိမ်းပေးခြင်းကလဲ ချွေးပေါက်ကျယ်ခြင်းကို သက်သာပျောက်ကင်းစေပြီး လှပနုပြီလာပါလိမ့်မယ်။

ချွေးပေါက်ကျယ်တာကို အမြဲပျောက်အောင် ကုသတဲ့ ဆေးတော့ မရှိသေးပါဘူး၊ လျော့နည်းအောင်ပဲ ကူညီပေးနိုင်ပါတယ်။ နောက်ဆုံးပေါ် Laser နှင့် chemical peeling နည်း တွေကတော့ ချွေးပေါက်ကို ကျဉ်းစေပြီး အသားအရေကို ချောမွေ့စေပါတယ်။

Wednesday, 19 February 2014

" မှဲ့ " ၏ ကောင်းကျိုး ဆိုးပြစ်

    မှဲ့ တည်နေရာနှင့် အဟော-တွေပါ။ဗဟုသုတအနေနဲ့မျှဝေတာပါ။အမှန်ကြီးပဲးလိုမပြောနိုင်သလို၊
အမှားတွေပါလိုလဲးမဆိုသာပါဘူး။ကိုယ့်မှာပါတာလေးတွေနဲ့တိုက်ကြည်ပေါ့။ကြိုက်လျှင်ယူ၊
မကြိုက်လျှင်ပယ်လိုက်ပါ။အပြင်းပြေတာပေါ့။ 
 
ယောက်ျားတို့၏ မှဲ့ တည်နေရာနှင့် အဟော-
 
  • (၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။ အပူသောကများလိမ့်မည်။ မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေပရတတ်ပါသည်။
  • (၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။
  • (၃) ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။ လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်းနှစ်သက်ပါသည်။  
  • (၄) နှာခေါင်းတည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတအနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြားတတ်ပါသည်။
  • (၅) ညာဘက်မျက်ခမ်းအောက်တွင် မှဲ့ရှိလျှင် မျက်နှာပွင့်လန်းတတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံကြား သနားစေ-ဟူသောဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ချစ်ခင်ခြင်း ခံရတတ်သည်။

အသားဖြူချင်သူများအတွက်နည်းလမ်းများ



အသားဖြူတာဟာ မိန်းမတွေအတွက် လိုလားတောင်းတအပ်တဲ့ အလှအပ တစ်ခုပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူတွေ အတွက်တော့ အသားဖြူဝင်း လှပဖို့ဆိုတာ ဘဝအတွက် ကြိုးစားရမယ့် ပန်းတိုင် တစ်ခုလိုပါပဲ။

အသားဖြူစေတဲ့ အလှကုန်တွေ ပေါသလို အသားဖြူစေတဲ့ သဘာဝဖြစ်နည်းတွေ လည်း ရှိပါတယ်။ အသားဖြူချင်သူများ အတွက် သိသင့်သိထိုက်စရာ အဖြာဖြာကို ဖော်ပြလိုက်ရပါတယ်။

သဘာဝဖြစ် အသားဖြူနည်းများ

သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ ဈေးလည်း မကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

လိမ္မော်ခွံနဲ့ အသားဖြူနည်း

လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်ပြီး ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် လုပ်ပါ။ ပြီးမှ နို့အစိမ်းနဲ့ ရောပြီး ပျစ်ခဲနေအောင် ဖျော်ပါ။ အဲဒီ့အရည်ကို အရေပြားကို လိမ်းပါ။ နေ့စဉ် လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ် လုံးလုံး ခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်

ခရမ်းချဉ်သီး ၂-၃ လုံးလောက်ကို ကြိတ်ပြီး အရည်ညှစ်ချပါ။ အဲဒီ့ အရည်ထဲကို သံပရာရည် တစ်စက် နှစ်စက်ထည့်ပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။ ၁၅ ရက်ကနေ ရက် ၂၀ အတွင်း သိသာထင်ရှားလာပါလိမ့်မယ်။

အမဲကွက်နဲ့ အစက်အပြောက်တွေ ပျောက်ဆေး

အာလူးအစိမ်းတစ်လုံးကို ယူပြီး ပါးပါးလှီးပါ။ လှီးထားတဲ့ အစိတ်လေးတွေကို မျက်နှာပေါ် ကပ်ပေးပါ။ မျက်နှာပေါ်က မှဲ့ခြောက်တွေ။ တခြားအမဲကွက်တွေကို ပျောက်စေပါတယ်။

နေပူလောင်အတွက်

နေပူလောင် ခံထားရတဲ့ အသားရေများအတွက် နနွင်းမှုန့်နဲ့ သံပုရာရည် ရောပြီး လိမ်းပေးပါ။ နေလောင်ဒဏ်ခံရတဲ့ အသားရေတွေအတွက် အရမ်းကောင်းပါတယ်။

နနွင်းကို တခြားအမယ်ပစ္စည်းတွေနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါသေးတယ်။ နနွင်းဟာ အသားရေ ဖြူဝင်းလှပဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အိပ်ရာထဲ မဝင်ခင် တစ်နာရီ အလိုမှာ နွားနို့နွေးနွေး တစ်ဖန်ခွက်ထဲကို နနွင်းမှုန့် ဇွန်းဝက်ခန့်(လက်ဖက်ရည်ဇွန်း) ရောစပ်ပေးပါ။ အချိုကြိုက်ရင် သကြား အနည်းငယ် ထည့်ပေးပါ။ ဒါပေမဲ့ သကြားနည်းလေ ပိုကောင်းလေ ဖြစ်ပါတယ်။

အဲဒါကို လအနည်းငယ်ခန့်လောက် သောက်သုံးပေးတာနဲ့ သိသာထင်ရှားလာပါလိမ့်မယ်။ ဒါပေမဲ့ ပူပြင်းတဲ့ နွေရာသီလို ကာလမျိုးမှာတော့ ဒီနည်းကို အသုံးမပြုပါနဲ့။ နနွင်းဟာ ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးတာမို့ အေးမြတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

အိမ်တွင်းဖြစ် အသားဖြူ Lotion

သခွားသီးအရည် (စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက် နှစ်စက်ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီ့အရည်ကို မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ နာရီဝက်လောက် အခြောက်ခံပြီးသွားရင် မပူမအေး ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ပျိုတို့ရဲ့ အသားရေဟာ အရင်ကထက် ပိုပြီး တောက်ပြောင်ရွန်းလဲ့ လာပါလိမ့်မယ်။

အိမ်တွင်းဖြစ် Facial Mask

ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ သင်္ဘောသီး အရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)တို့ရောပြီး လိမ်းပေးပါ။ ၁၅ မိနစ် ခန့်စောင့်ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးပါ။

ရှောင်ကြဉ်ရမည့် အချက်များ

အသားဖြူချင်တဲ့သူတွေ ရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။ Whitening Product များ ဝယ်ရတာကအစ သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

ပျိုတို့အနေနဲ့ Whitening Product တွေ ဝယ်ယူသုံးစွဲတဲ့ အခါမှာ မဝယ်ခင် ကိုယ့်အသားအရေရဲ့ အမျိုးအစားကို သိပြီးမှ အသားအရေ အမျိုးအစား အလိုက် ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။တချို့အသားဖြူ အလှကုန်တွေဟာ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားတွေနဲ့ သင့်တော်ခြင်း မရှိလို့ ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ပူစပ်တဲ့ အစားအစာများ၊ ဆီကြော်အစားအစာများကိုလည်း မစားပါနဲ့။ ဒီအစားအစာတွေဟာ အရေပြားပေါ်က ရေဓာတ်ခြောက်ခမ်းမှုကို ဖြစ်ပေါ်စေပြီး အရေပြားကို ခြောက်သွေ့မည်းကွက် လာစေပါတယ်။ ဘယ်လောက်ပဲ Whitening Product သုံးသုံး၊ အသားဖြူဆေး သုံးသုံး ကိုယ်ကာယ လေ့ကျင့်ခန်းတွေ မလုပ်လို့ကတော့ အကျိုးထိရောက်မှု မရှိပါဘူး။ ကာယလေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးလေလည်ပတ်မှု ကောင်းမွန်ပြီး အသားထဲ ဆေးစိမ့်ဝင်မှု ပိုမိုမြန်ဆန်နိုင်မှာ ဖြစ်ပါတယ်။

ပျိုမေ၊မောင်မယ်များအာလုံး ဖြူစင်သောအလှများပိုင်ဆိုင်နိုင်ကြပါစေ..

Friday, 14 February 2014

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း ၁၀ ခု


သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။

Monday, 3 February 2014

Foods for Healthy Hair ဆံပင် အာဟာရ

Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေ သုံးပေမဲ့လဲ ဆံပင်အတွက် မပြည့်စုံသေးပါ။

“Lather, rinse, repeat အမြှုတ်ထအောင်လုပ်ပါ၊ လျှော်ပြစ်ပါ၊ ထပ်ပြီးလုပ်ပါ” ဆိုတာ ကောင်းတဲ့ ခေါင်းလျှော်နည်း အကြံပြုချက် ဖြစ်ပေမဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေချည်းနဲ့တော့ ဆံပင် ကျန်းမာရေးအတွက် မပြည့်စုံသေးပါ။ ဆံပင်တွေဟာ တလမှာ ၁/၄ လက္မကနေ ၁/၂ လက္မအထိ ရှည်လာရမယ်။ အသားအရေ၊ ကေသာ နဲ့ ခြေသည်း-လက်သည်းတွေ ကောင်းမွန် ကျန်းမာနေအောင် အာဟာရ ပြည့်ဝပြည့်ဝ စားသုံးတတ်ကြဘို့ လိုသေးတယ်။

Friday, 31 January 2014

အမျိုးသားများအတွက် ဆေးတလက်


အမျိုးသားများနှင့် အသုံးတည့်လှသည့် ဆေးတလက်ကို တင်ပြအပ်ပါသည်။
လိုအင်ဆန္ဒမပြည့်၊ စိတ်သွားတိုင်း ကိုယ်မပါနိုင် ဖြစ်ရခြင်း၊ မြန်ခြင်း၊ လွှတ်ထွက်ခြင်း၊ ညှိုးလွယ်ခြင်းများကို အထူးအထောက်အကူပြု အစွမ်းထက်လှသော မြန်မာ့ရိုးရာ ဆေးနည်းတလက်ဖြစ်ပြီး အိမ်ထောင်ရေးသုခကို
ပြည့်ပြည့်ဝဝ စိတ်ချမ်းသာစွာ ရရှိစေနိုင်သော ဆေးနည်းတလက် ဖြစ်ပါသည်။


ထို့ပြင် ဤဆေးနည်းသည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မရှိပါ။ ဆေးနည်းမှာလည်း လွယ်ကူလှပါသည်။
အရွက်ကို သုပ်စားရသော မြန်မာကုက္ကိုပင်အခေါက်ကို မှုန့်ညက်အောင် ထောင်းထားပါ။ ၄င်းကုက္ကိုခေါက်အမှုန့် ၂-ပဲသားကို ထောပတ် ၄-ပဲသား (ကုက္ကိုခေါက်မှုန့် တဆ၊ ထောပတ် နှစ်ဆ အချိုး ဖြစ်ပါသည်) ရောနှယ်ပြီး တနေ့တခါ စားပေးပါ။ သွေးသားစင်ကြယ်ပြီး အသားအရေပါ လှပကြည်လင်လာပါလိမ့်မည်။


စေတနာမေတ္တာဖြင့် ရွှေချိုင်ဇေယျ (ဆားလင်းကြီး)
(သူရဇ္ဇ ၂၀၀၉-ခု ဇူလိုင်လ)

ဒန့်သလွန်ရွက်


နှာစးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို
နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။ 

ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။
ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။

ဤဆေးကိုသာ မှန်မှန်စား ယောက်ျားတို့အတွက်-အား


ယောက်ျားများ ပန်းညှိုး၍ စိတ်မလန်းဖြစ်လာပါက စားသုံးရန်နည်းလမ်း ဖြစ်ပါသည်။ ဤနည်းလမ်းဖြင့် ပန်းသေသူများကို အာမခံချက် မပေးနိုင်သော်လည်း စိတ်ရှိသော်လည်း ပန်းမလန်းသူများ ညှိုသူများအတွက် ကောင်းပါသည်။

နည်းမှာ---
မဉ္ဇူသကပန်းပွင့် ရသလောက်ကို သန့်စင်အောင် ရေဖြင့် ဆေးကြောပြီး ပျားရည်စစ်စစ်တွင် မြှုပ်နေအောင် စိမ်ပေးထားပါ။
အနည်းဆုံး (၁)ပတ်ခန့် စိမ်ပြီးသည်နှင့် နံနက်(၁)ကြိမ်၊ ည(၁)ကြိမ်
(၁)ကြိမ်စား (၃-၄)ပွင့် စားပါ။ ၁-ပတ်ခန့် ဆက်စားပါ။ နောက်ပိုင်းတွင် ညတိုင်း စားပေးပါ။ ပုံမှန်စားပေးခြင်းဖြင့် ညှိုးနေသူများ လန်းလာပါလိမ့်မည်။

ကျားမှန်လျှင် အားသေန်စေရမည်

သွားပါများ ခရီးရောက်၊
မေးပါများ စကားရ၊
ဆိုသည့် မောင်ပေါက်ကျိုင်းထုံး နှလုံးမူ၍ အလုပ်အားလပ်သည့်တစ်နေ့တွင် ကျွန်တော်၏ တပည့်တဦးဖြစ်သော မောင်ရင်မွှေး နေထိုင်သည့် ရွာသစ်ကြီးသို့ ရောက်သွားခဲ့သည်။

ကျွန်တော် ရောက်သွားသောအခါ မောင်ရင်မွှေးက ဝမ်းသာအားရ ကြိုလေသည်။ ထို့နောက် မောင်ရင်မွှေးမှ သူ၏ဖခင် အဘ ဦးသူငယ်၊ မိခင် ဒေါ်အုံးသင်တို့နှင့် မိတ်ဆက်ပေးပါသည်။
အဘ ဦးသူငယ်နှင့် အမေ ဒေါ်အုံးသင်တို့မှာ ကျေးလက်နေသူများ ပီပီ ရိုးသားပွင့်လင်းပြီး လှိုက်လှဲဖော်ရွှေလျက် ဧည့်ဝတ်ကျေပွန်ပါသည်။ နေ့လယ်စာ စားသောက်ပြီး၍ ရေနွေးကြမ်းဝိုင်းတွင် ထိုင်မိကြသောအခါ အဘ ဦးသူငယ်က---

ငါ့တူကို ကြုံတုန်း ဆေးနည်းတစ်ခု လက်ဆောင်ပေးလိုက်ဦးမှပဲ...
ဟုတ်ကဲ့ ပေးပါ အဘ။
ဒီလိုကွဲ့ ပြောရမှာတော့ အားနာစရာကြီး၊ ဒါပေမယ့် မမြင်ဝံ့ ဆေးဆရာ-ဆို မဟုတ်လား။ ဒီတော့ မင်းက ငယ်ပေမယ့် ဂုဏ်ပုဒ်ကရှိနေတော့ လေးစားရမှာပေါ့။ မရိုမသေကွယ် ယောက်ျားရောဂါပျောက်တဲ့ ဆေးနည်းလေး ပေးချင်တာကွယ့်။

Monday, 27 January 2014

Medical Writings for Over 18: Erectile Dysfunction (3) ပန်းသေ-ပန်းညှိုး (၃)

Medical Writings for Over 18: Erectile Dysfunction (3) ပန်းသေ-ပန်းညှိုး (၃): Erectile Dysfunction Risk Linked To How Many Medications Are Taken ယောက်ျား ပန်းသေ-ပန်းညှိုးဖြစ်တာနဲ့ သောက်ဆေးတွေ ဆက်စပ်မှုရှိ ED ရောဂါဟာ တက...

Medical Writings for Over 18: Erectile Dysfunction (1) ပန်းသေ-ပန်းညှိုး ဇီဝကမ္မဗေ...

Medical Writings for Over 18: Erectile Dysfunction (1) ပန်းသေ-ပန်းညှိုး ဇီဝကမ္မဗေ...: ပန်းသေ-ပန်းညှိုး ကို Erectile Dysfunction နဲ့ Impotence လို့ခေါ်တယ်။ “လိင်ဆက်ဆံမှုပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ...

Medical Writings for Over 18: Early ejaculation (1) သုက်လွှတ်စောခြင်း (၁)

 သုက်လွှတ်စောခြင်း (၁): ယောက်ျားတချို့ကို အင်မတန် စိတ်ဒုက္ခပေးတဲ့ သုတ်လွှတ်မြန်ခြင်း အကြောင်းကလေး ရေးပါရစေ။ အသက် ၁၈ နှစ် ပြည့်မှဖတ်ပါ (၁)ကို ရေးပြီး၊ ဒီကြားထဲ တခြား...

Medical Writings for Over 18: Kegel Exercise for Men ယောက်ျားများ စိတ်ဝင်စားကြသည...

 အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၉) သည်းခြေကြိုက် ခေါင်းစဉ်ဆိုတာ ကျန်းမာရေး နယ်ပယ်မှာလဲ ခေတ်စားပါတယ်။ “(ကီးဂယ်လ်) လေ့ကျင့်ခန်းဖြင့် ကျား-အင်္ဂါ ကျ...

Medical Writings for Over 18: Early ejaculation (2) သုက်လွှတ်စောခြင်း (၂)

 သုက်လွှတ်စောတာ ခံစားနေရသူ တကမ္ဘာမှာ ၁၆ နှစ်နဲ့ ၅၅ နှစ်ကြား ယောက်ျား အားလုံး ၄ဝ% ရှိနိုင်ပါသတဲ့။ တချို့က အင်္ဂါထိုးသွင်းမှု ဖြစ်ပြီးနောက် ၂ မိနစ...

ကန်စွန်းရွက်၏ အစွမ်း..........




သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

(၁) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ် ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ် ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ်။

Sunday, 26 January 2014

Radio

Radio တစ်ခု Run တာခက်ခဲတယ့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက အချိန်နဲ့ လူအင်အား ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်ဒီ Tutorial ကိုကိုယ့်ဘာသာ Online Radio လုပ်ချင်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေကို ကိုယ်ဆီက သီချင်းတွေ ပို့စရာမလိုပဲ နားထောင်စေ ချင်တာလောက်ပဲ ဖြစ်ဖြစ် memory မစား၊ လွယ်လွယ်ကူကူနဲ့ Free လုပ်နိုင်မယ့်နည်းနဲ့ ကိုယ့်စိတ်ကြိုက် Radio တစ်ခုလုပ်ချင်တဲ့ ပြည်ပရောက် မြန်မာ Generation တွေအတွက် ရည်ရွယ်ပြီး လုပ်လိုက်တာပါ။ Free ဆိုတဲ့အတိုင်း ကန့်သတ်ချက် တစ်ခုကတော့ မြန်မာပြည်က အသုံးပြုသူတွေ အတွက်တော့ မရပါဘူး။ အဓိက Port အခက်အခဲကြောင့်ပါ။ Free ဖြစ်တာကြောင့် Sign Up လုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ Port ပေးတာမျိုး မဟုတ်ပဲ သူတို့ချပေးတာပဲ ယူရတော့ Port 80 နဲ့ Port 443 ပဲပွင့်တယ့် မြန်မာ Internet အတွက် အဆင်ပြေ လှပါဘူး။ ဒါကို ကျော်ပြီး လုပ်လို့ရတဲ့ နည်းလမ်းတွေ မရှိဘူးလာဆိုတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမဲ့ အဓိကဒီ Tutorial မှာလွယ်လွယ်နဲ့ တိုက်ရိုက် လုပ်နိုင်အောင်ပဲ ပြချင်တာမို့လို့ တခြား Software တွေသုံးရမယ့် အပိုင်းတွေကို ချန်လှပ်ထားခဲ့ပါတယ်။ စလိုက်ကြရအောင်။